နိုင်ငံတော်အတွက်အရေးကြီးသည့် ဖွဲ့စည်းပုံအ ခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ရေးဆွဲဖော်ဆောင်ခဲ့သည့် အမျိုးသားညီလာခံကျင်းပခဲ့သော သမိုင်း ဝင်အဆောက်အဦးများအား ရေရှည်တည်တံ့စေရန် ပြုပြင်ထိန်းသိမ်းဆောင်ရွက်မည် ဟုနစက ဥက္ကဋ္ဌပြော

0
232

နိုင်ငံတော်အတွက်အရေးကြီးသည့် ဖွဲ့စည်းပုံအ ခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ရေးဆွဲဖော်ဆောင်ခဲ့သည့် အမျိုးသားညီလာခံကျင်းပခဲ့သော သမိုင်း ဝင်အဆောက်အဦးများအား ရေရှည်တည်တံ့စေရန် ပြုပြင်ထိန်းသိမ်းဆောင်ရွက်မည်ဟုနစက ဥက္ကဋ္ဌပြော

နစက ဥက္ကဋ္ဌမှ ရန်ကုန်တိုင်း၊လှည်းကူးမြို့နယ်၊ ညောင်နှစ်ပင်ကျေးရွာအနီးရှိ ဖွဲ့စည်းပုံအခြေခံဥ ပဒေ(၂၀၀၈ ခုနှစ်)ရေးဆွဲရန် အမျိုးသားညီလာခံကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုခန်းမကြီးအား ဇွန် ၈ ရက်က သွားရောက်ကြည့်ရှုစစ်ဆေးစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။

“အမျိုးသားညီလာခံကျင်းပခဲ့တဲ့ အဆောက်အဦးတွေဟာ နိုင်ငံတော်အတွက်အရေးကြီးတဲ့ ဖွဲ့စည်း ပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ရေးဆွဲဖော်ဆောင် ခဲ့တဲ့ သမိုင်းဝင်အဆောက်အဦးတွေဖြစ်ပါတယ် ဒါ့ကြောင့် အရင်ခေတ်အဆက်ဆက်က သမိုင်း ဝင်အဆောက်အဦးတွေကို တတ်နိုင်သမျှ ထိန်း သိမ်းထားခဲ့ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြော သည်။

ထို့ပြင် လက်ရှိတွင်ထိန်းသိမ်းမှုများ အားနည်းခဲ့သဖြင့် ပျက်စီးယိုယွင်းမှုများဖြစ်ပေါ်ခဲ့သည်ကိုတွေ့ရှိရသဖြင့် အဆောက်အဦးများရေရှည်တည် တံ့စေရန် အလေးထားထိန်းသိမ်းဆောင်ရွက်ရမည်ဟု မှာကြားသည်။

“ရှိပြီးသား အဆောက်အဦးတွေကို ပြန်လည်ပြု ပြင်ထားဖို့လိုသလို အဝင်အထွက်လမ်းတွေကိုလည်း စနစ်တကျရှိအောင် ဆောင်ရွက်ဖို့လိုတယ်” ဟု နစက ဥက္ကဋ္ဌကမှာကြားသည်။

ထို့ပြင် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီးဦးရွှေလေးမှ နစက ဥက္ကဋ္ဌအားအမျိုး သားညီလာခံကျင်း ပခဲ့သည့် အဆောက်အဦး၏ သမိုင်းကြောင်း၊ အ ဆောက်အဦးများပျက်စီးယို ယွင်းနေမှုများနှင့်ပြုပြင်ထိန်းသိမ်းရန် ဆောင် ရွက်နေမှုတို့အားရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် နစက ဥက္ကဋ္ဌသည် ပြည်ထောင်စုခန်းမကြီးနှင့်အနော်ရထာရိပ်သာတို့အား ကြည့်ရှုစစ်ဆေးခဲ့သည်။

အမျိုးသားညီလာခံကျင်းပခဲ့သည့် မြေနေရာသည် ဧရိယာ ၅၈၅ ဒသမ ၈၁ ဧကကျယ်ဝန်းပြီး ဧက ၂၀၀ အားစိုက်ပျိုးရေးဇုန်၊ ဧက ၁၀၀ ခန့်အား မွေးမြူရေးဇုန်အဖြစ် အသုံးပြုထားသည်။

အဆိုပါ အမျိုးသားညီလာခံကျင်းပခဲ့သည့် ပြည် ထောင်စုခန်းမအဆောက်အဦးတွင် ဖွဲ့စည်းပုံအ ခြေခံဥပဒေ(၂၀၀၈ ခုနှစ်)အားအတည်ပြုပြဋ္ဌာန်းနိုင်ရန် ၂၀၀၄ ခုနှစ်မှ ၂၀၀၇ အထိ အစုအဖွဲ့ ၈ ဖွဲ့မှ ကိုယ်စားလယ် ၇၀၂ ဦးဖြင့် အမျိုး သားညီလာခံ ၇ ကြိမ်ကျင်းပခဲ့သည်။

ထို့သို့ ကျင်းပပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)အား အတည်ပြုပြဋ္ဌာန်းပြီးချိန်မှစတင်ကာ ယင်း ညီလာခံခန်းမကြီးအား အသုံးပြုခြင်းမရှိသဖြင့် ပြုပြင်ထိန်းသိမ်းမှုအားနည်းခဲ့ရာ ပျက်ဆီးမှုများဖြစ်ပေါ်ခဲ့သောကြောင့် ပြန်လည်ပြုပြင် ထိန်း သိမ်းခြင်းများအား ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။

Telegram တွင်ဖတ်ရန် >> https://t.me/popularjournal


LEAVE A REPLY

Please enter your comment!
Please enter your name here