ရန်ကုန် ၊ မန္တလေးနှင့် မြို့ကြီးအချို့ရှိ ATM များတွင် ငွေသားထုတ်ယူနိုင်ပြီဟု KBZ ထုတ်ပြန်

0
209

ရန်ကုန် ၊ မန္တလေးနှင့် မြို့ကြီးအချို့ရှိ ATM များတွင် ငွေသားထုတ်ယူနိုင်ပြီဟု KBZ ထုတ်ပြန်

ရန်ကုန်၊ မန္တလေးနှင့် မြို့ကြီးအချို့ရှိ ATM များတွင် ယနေ့ဇွန်လ ၉ ရက်မှ စတင်ကာ ငွေသားထုတ်ယူနိုင်ပြီဖြစ် ကြောင်း KBZ ဘဏ်က သတင်းထုတ်ပြန်သည်။

ရန်ကုန်မြို့၊ မန္တလေးမြို့၊ နေပြည်တော်မြို့နှင့် တောင်ကြီးမြို့ရှိ သတ်မှတ်ထားသော KBZ ATM များတွင် တစ်ပတ်လျှင် အများဆုံး(၃) သိန်းကျပ် ထုတ်ယူနိုင်ကြောင်း KBZ ဘဏ်က ယနေ့ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ ငွေသား ထုတ်ယူရာတွင် ကမ္ဘောဇဘဏ် MPU Debit (ATM ကတ်) မှဖြစ်စေ၊ mBanking Cardless Withdrawal ကတ်မဲ့ငွေထုတ်ခြင်း နည်းလမ်းဖြင့်ဖြစ်စေ ထုတ်ယူနိုင်ကြောင်း သိရသည်။

ငွေသား ထုတ်ယူရရှိနိုင်သည့် ATM စရင်းကို ထုတ်ပြန်ရာတွင် ရန်ကုန်မြို့အတွင်းရှိ ကမာရွတ် ဘဏ်(၁)၊ ဆူး လေဘုရားလမ်း ဘဏ်ခွဲ၊ ကျောက်မြောင်းဈေးဘဏ်ခွဲ၊ကိုးမိုင် ဘဏ်ခွဲ၊ Junction square ဘဏ်ခွဲ၊ ဦးဝိဇာရဘဏ်ခွဲ၊ MICT Park၊ ရန်ကင်းစင်တာ၊ ကျိုက္ကစံ စူပါဝမ်း၊ လှည်းတန်းစင်တာ၊ Junction City တို့မှ ATM စက်များ အပါအဝင် နေရာ ၁၅ နေရာမှ ATM စက်များတွင် ငွေ သား ထုတ်ယူနိုင်မည် ဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့တွင် မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်၊ တံတားဦးလေဆိပ်၊ ဒိုင်းမွန်းပလာဇာ ၊ Capital Man dalay အပါအဝင် နေရာ ၁၀ ခုမှ ATM များတွင် ငွေသား ထုတ်ယူနိုင်မည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် နေပြည်တော်၌ (၁၃) နေရာ၊ ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့၌ (၉) နေရာတို့ရှိ ATM စက်များတွင် ငွေသား ထုတ်ယူနိုင်မည် ဖြစ်ကြောင်း KBZ ဘဏ်၏ ထုတ်ပြန်ချက်အရ သိရသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here