အခြားဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်များတွင်ဝင်ခွင့်ရရှိထားသူများသည် ဆေးတက္ကသိုလ်တက်ရောက်လိုပါက သတ်မှတ်ချက်များနှင့်ကိုက်ညီသူများအနက် အမှတ်အများဆုံးရသူများအား ပထမနှစ်သင်တန်းများ၏ လစ်လပ်နေရာများသို့တက်ရောက်ခွင့်ပြုမည်

0
117

အခြားဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်များတွင်ဝင်ခွင့်ရရှိထားသူများသည် ဆေးတက္ကသိုလ်တက်ရောက်လိုပါက သတ်မှတ်ချက်များနှင့်ကိုက်ညီသူများအနက် အမှတ်အများဆုံးရသူများအား ပထမနှစ်သင်တန်းများ၏ လစ်လပ်နေရာများသို့တက်ရောက်ခွင့်ပြုမည်

အခြားဝန်ကြီးဌာနများအောက်ရှိ တက္ကသိုလ်များ ၌ ဝင်ခွင့်ရရှိသူများသည် ကျန်းမာရေးဝန်ကြီးဌာ န၏ ဆေးတက္ကသိုလ်များနှင့်ဆေးပညာနှီးနွယ်တက္ကသိုလ်များရှိ ပထမနှစ်သင်တန်းများ၏ လစ် လပ်နေရာများသို့ ပြောင်းရွှေ့တက်ရောက်နိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနမှ အသိပေးကြေညာခဲ့သည်။

၂၀၂၀ ပြည့်နှစ်၊တက္ကသိုလ်ဝင်စာမေးပွဲအောင် မြင်ပြီး ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ဆေးတက္ကသိုလ်များသို့ ဝင်ခွင့်ရရှိကာ ကျောင်းအပ်နှံခြင်းမရှိသေးသူများ၊ဆေးတက္ကသိုလ်များအချင်း ချင်း ပြောင်းရွှေ့လျှောက်ထားလိုသူများနှင့်အ ခြားဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်များတွင် ဝင်ခွင့်ရရှိထားသူများလျှောက်ထားနိုင်ကြောင်း သိရသည်။

ထိုသို့ လျှောက်ထားရာတွင် ဝင်ခွင့်အရည်အချင်းသတ်မှတ်ချက်များနှင့်ကိုက်ညီပါက ဆေးတက္က သိုလ်များသို့ ပြောင်းရွှေ့လျှောက်ထားနိုင်ကာ လစ်လပ်နေရာပေါ် မူတည်၍ ဝင်ခွင့်အရည်အ ချင်းသတ်မှတ်ချက်များနှင့်ကိုက်ညီသူများအ နက် အမှတ်အများဆုံးရရှိသူများအား ရွေးချယ်၍ လစ်လပ်နေရာများ၌ အစားထိုးပြောင်းရွှေ့တက်ရောက်ခွင့်ပြုသွားမည်ဟု သိရသည်။

ထိုသို့ ပြောင်းရွှေ့လျှောက်ထားရာတွင် အသေး စိတ်အချက်အလက်များအား သိရှိလိုပါက ကျန်း မာရေးဝန်ကြီးဌာန၏ Facebook Page, Website ၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ၏ Website ၊သက်ဆိုင်ရာဆေးတက္ကသိုလ်များနှင့်ဆေးပညာနှီးနွှယ်တက္ကသိုလ်များ၏ Website တို့၌ ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

အလားတူ မိမိတို့လက်ရှိတက်ရောက်ပညာသင်ကြားလျက်ရှိသည့် တက္ကသိုလ်များတွင်လည်း စုံစမ်းမေးမြန်းနိုင်ကြောင်း ကျန်းမာရေးဝန်ကြီး ဌာနမှ အသိပေးကြေညာခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here