ဒါရိုက်တာ နှင့် မင်းသမီး တို့မင်္ဂလာပွဲ

0
469

ဒါရိုက်တာ နှင့် မင်းသမီး တို့မင်္ဂလာပွဲ

အိန္ဒိယနိုင်ငံ​တောင်ပိုင်းမှနာမည်ကြီး ရုပ်ရှင်မင်းသမီးတစ်ဦးဖြစ်သော နိုင်းသာရာ(Nayanthara) နှင့် သူမ၏ချစ်သူနာမည်ကြီးရုပ်ရှင်ဒါရိုက်တာတစ်ဦးဖြစ်သည့် ဗစ်ဂ​နေ့ရှီဗန်(Vignesh Shivan) တို့၏ ကြီးကျယ်ခမ်းနားသော မင်္ဂလာဆောင် ဓာတ်ပုံများကို မြင်တွေ့လိုက်ရချိန်တွင် ၎င်းတို့၏ပရိသတ်များအားလုံး အံ့ဩဘနန်းဖြစ်ခဲ့ရသည်။

မင်္ဂလာပွဲနေ့တွင် အနီရောင်ဆာရီကို မြကျောက်နှင့်စိန် လက်ဝတ်ရတနာများဖြင့် တွဲဖက်ဝတ်ဆင်ကာ အလှကြီးလှနေသည့် သတို့သမီးကိုသူ့ပရိတ်သတ်များက အ​ကျေနပ်ကြီး​ကျေနပ်​နေကြသည်။ ရိုးရာဖက်ရှင်ကိုပိုဂရုစိုက်သည့်အိန္ဒိယ​တောင်ပိုင်းသူတို့အကြား ရှင်းရှင်း​လေးနှင့် ဘိုဆန်​အောင် ဝတ်ဆင်တတ်သည့် နိုင်းသာရာ မှာ ဖက်ရှင်အိုင်ကွန် တ​ယောက်ဖြစ်သည်။

သတို့သားဖြစ်သူ ဗစ်ဂ​နေ့ရှီဗန် ကလည်း ရွှေအိုရောင်ပိုးသားရိုးရာဝတ်စုံဖြင့် ခါတိုင်းနဲ့မတူ တင့်တယ်​နေခဲ့သည်။

၎င်းတို့နှစ်ဦး၏မင်္ဂလာပွဲသို့ အိန္ဒိယနာမည်ကျော် သရုပ်ဆောင်များဖြစ်ကြသည့် မင်းသားရှရွတ်ခန်း၊မင်းသမီး စမန်သာရတ်ပရာဘူ၊မင်းသား ရာဂျီနိကန်၊ အိန္ဒိယနိုင်ငံ၏ ယဉ်ကျေးမှုနှင့်ခရီးသွားဝန်ကြီးဌာနမှ ဝန်ကြီးဟောင်းတစ်ဦးဖြစ်သူ မစ္စတာ ချီရန်ဂျီးဗီးနှင့် အခြားထင်ရှားသောနာမည်ကြီးအနုပညာရှင်များတက်ရောက်ချီးမြှင့်ဂုဏ်ပြုခဲ့ကြသည်။

ဇွန်လ ၉ ရက်နေ့မှာ လက်ထပ်ထိမ်းမြားခဲ့ကြ​သောသူတို့ချစ်သူနှစ်ဦးဟာ ၂၀၁၅ ခုနှစ်ကတည်းကချစ်သူဖြစ်ခဲ့ကြတာဖြစ်ပြီး ချစ်သက်တမ်း ၇ နှစ်အကြာမှာ ယခုကဲ့သို့နှစ်ယောက်တစ်ဘဝတည်ဆောက်လိုက်ကြခြင်းဖြစ်သည်။

အိန္ဒိယ​မြောက်ပိုင်း ရုပ်ရှင်​လောက ကို ​ဘောလီးဝုဒ် ဟု​ခေါ်သလို အိန္ဒိယ​တောင်ပိုင်းတွင်လည်းသီလဂူ၊တမီးလ်၊ ကန်နဒ၊မလယာလမ် ရုပ်ရှင်​လောကဟူ၍ရှိကြသည်။နိုင်းသာရာကို မလယာလမ်၊တမီးလ်၊သီလဂူ ကားများတွင်​တွေ့ရမည်ဖြစ်သည်။

Source – Filmfare


LEAVE A REPLY

Please enter your comment!
Please enter your name here