ကမ္ဘောဒီးယားတွင်သွေးလွန်တုပ်ကွေးဖြစ်နူန်းမြင့်နေ၍ဖျားပါက၇၂ နာရီ အတွင်း ​ဆေးရုံပြရန်နိုး​ဆော်ထား

0
206

ကမ္ဘောဒီးယားတွင်သွေးလွန်တုပ်ကွေးဖြစ်နူန်းမြင့်နေ၍ဖျားပါက၇၂ နာရီ အတွင်း ​ဆေးရုံပြရန်နိုး​ဆော်ထား

ယခုနှစ်ဆန်းပိုင်း၌ ကမ္ဘောဒီးယားတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုပေါင်း ၁,၃၅၄ ခုရှိ‌နေပြီး မနှစ်ကအရေအတွက်နှင့်နှိုင်းယှဉ်ပါက ၁၀၀ ရာခိုင်နှုန်းကျော်တက်လာသည်ဟု စနေနေ့ကသတင်းထုတ်ပြန်ချက်အရသိရှိရသည်။

ယခုနှစ်ဇန်နဝါရီလမှမေလအတွင်း ကလေးသုံးဦးသေဆုံးခဲ့သည်။သွေးလွန်တုပ်ကွေးရောဂါသည် နေ့ခင်းဘက်တွင်ကိုက်သည့် အေဒီးစ်ခြင်ကျားကိုက်ခံရခြင်းမှဖြစ်ပွား​သောရောဂါတစ်မျိုးဖြစ်သည်။ကျန်းမာရေးဝန်ကြီး မစ္စတာ Mam Bunheng ကလည်း ပြည်သူများအားအိမ်အနီးနားတွင် ခြင်တွေပေါက်ဖွားရာ ဗွက်အိုင်များရှိပါက သန့်ရှင်း​ရေးလုပ်ခြင်း၊မလိုအပ်ပါက ဖို့ပစ်ခြင်းတို့လုပ်ကြရန်နှင့် ဘယ်ချိန်အိပ်အိပ် ခြင်ထောင်ထောင်အိပ်ရန် သတိပေးထားသည်။

သွေးလွန်တုပ်ကွေးရောဂါ ကျရောက်သော ဒေသများတွင်နေထိုင်သည့် အိမ်ထောင်စုများသို့ သွေးလွန်တုပ်ကွေးရောဂါ နှိမ်နင်းရေးအတွက် အဘိတ်ဆေးကို ဝန်ကြီးဌာနက ဆက်လက်ဖြန့်ဝေကာ ​ရေအိုင် ​ဆေးခပ်ခြင်း၊ခြင်​ထောင် အဘိတ်​ဆေး စိမ်ခြင်းတို့ လုပ်​ဆောင်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ဆက်လက်၍ဝန်ကြီးက “မိမိတို့ကလေးများရုတ်တရက်ဖျားနာခြင်းဖြစ်ပါက မိဘများအနေဖြင့် နီးစပ်ရာဆေးရုံဆေးခန်း (သို့) ကျန်းမာရေးစင်တာများသို့ ၇၂ နာရီထက်မနောက်ကျပဲပို့ဆောင်ရန်နှင့် အိမ်တွင်ဆေးမြီးတိုဖြင့်ကြိတ်မကုရန်” မှာကြားထားသည်။

သွေးလွန်တုပ်ကွေးရောဂါသည် များသောအားဖြင့် ခေါင်းကိုက်ခြင်း၊ အဖျားကြီးခြင်း၊ပင်ပန်းနွမ်းနယ်ခြင်း၊ကြွက်သားနှင့်အဆစ်အမြစ်များ အပြင်းအထန်နာကျင်ခြင်း၊အကြိတ်များ ရောင်ရမ်းခြင်း၊ အော့အန်ခြင်းနှင့်အဖုများထွက်ခြင်းစသည့် လက္ခဏာများဖြစ်ပေါ်လာလေ့ရှိပြီး ရုတ်တရက်ထဖြစ်တတ်သည့် အဖျားရောဂါတစ်မျိုးဖြစ်သည်။

အရှေ့တောင် အာရှနိုင်ငံများတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု အထွတ်အထိပ်ကာလသည် မေလမှ အောက်တိုဘာလအထိ မိုးရာသီကာလဖြစ်သည်။

Source – Xinhua


LEAVE A REPLY

Please enter your comment!
Please enter your name here