မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဥရုချောင်းရေလျှံကာ ဖားကန့်မြို့ အနိမ့်ပိုင်း ရပ်ကွက်များ ရေဝင်နစ်မြုပ်

0
205

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဥရုချောင်းရေလျှံကာ ဖားကန့်မြို့ အနိမ့်ပိုင်း ရပ်ကွက်များ ရေဝင်နစ်မြုပ်

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ကချင်ပြည်နယ်၊ ဖားကန့်မြို့ပေါ် အနိမ့်ပိုင်းရပ်ကွက်များတွင် ရေကြီနးစ်မြုပ် မှုများ ဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုလျှက်ရှိရာ ဇွန်လ (၁၁) ရက် နေ့လယ်ပိုင်းမှ စတင်ကာ ဥရုချောင်း ရေလျှံပြီး မြို့ပေါ် အနိမ့်ပိုင်းရပ်ကွပ်များအတွင်း ရေဝင် နစ်မြုပ်မှုများ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။

မြို့မရပ်ကွက် ကျောက်ဝိုင်းလမ်းဆုံ၊ ငပျောတောရပ် ကွက်နှင့် မရှီကထောင် ရပ်ကွက်ရှိ လူနေအိမ်များ ရေနစ် မြုပ်ကာ ပြည်သူများ ဘေးလွတ်ရာသို့ တိမ်းရှောင် နေရကြောင်းသိရသည်။

“ဥရုချောင်းက စိုးရိမ်ရေမှတ်ကို ရောက်နေပြီ။ ဒီအတိုင်းဆက်ရွာရင် အနိမ့်ပိုင်းတွေ အကုန်မြုပ်ပြီပေါ့။ နှစ်တိုင်း မိုးတွင်းဆိုရင် ဒီလိုပဲ ရေကြီးတာတွေ ဖြစ်တယ်” ဟု ဖားကန့်ဒေသခံ ကိုဇော်မျိုးက ပြောသည်။

လက်ရှိတွင် ဖားကန့်မြို့အနိမ့်ပိုင်း ရပ်ကွက်များတွင် ရေ (၃) ပေမှ (၄) အထိ ဝင်ရောက်နစ်မြုပ်နေပြီး ချောင်းရေ ဆက်လက်မြင့်တက်နေပါက မြို့တွင်း ရေမြုပ်နေရာများတွင် (၆) ပေကျော် (၇) ပေမက နစ်မြုပ်သွားမည် ဖြစ် ကြောင်းလည်း ၎င်းက ပြောသည်။

မိုဆက်ရွာရင်တော့ လုံးခင်း/ဖားကန့်/ဆိုင်းတောင် ချောင်းနားက ရပ်ကွက်တွေ အကုန်မြုတ်ပြီပဲ ရေက ပို တက်လာဖို့ရှိတယ် မိုးကလည်း ဆက်တိုက်ရွာ နေတော့” ဒေသခံတစ်ဦးကပြောသည်။

အလားတူ ဖားကန့်မြိုနယ် ကာမိုင်းမြိုတွင်လည်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် အင်းတော်ချောင်းနှင့် နန့်ကောင်းချောင်းရေ မြင့်တက်လာပြီး ကမ်းပါးရေတိုက်စားခြင်းနှင့် မြေနိမ့်ပိုင်း လူနေအိမ်များတွင် ရေများ ဝင်ရောက်မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

 

 


LEAVE A REPLY

Please enter your comment!
Please enter your name here