လောင်းလုံမြို့နယ်တွင် ထားဝယ်တက္ကသိုလ် မြန် မာစာဌာနမှ ကထိကတစ်ဦးနှင့်မြို့နယ်ထွေအုပ်စာရေးတစ်ဦးတို့ သေနတ်ဖြင့်ပစ်သတ်ခံရ

0
208

လောင်းလုံမြို့နယ်တွင် ထားဝယ်တက္ကသိုလ် မြန် မာစာဌာနမှ ကထိကတစ်ဦးနှင့်မြို့နယ်ထွေအုပ်စာရေးတစ်ဦးတို့ သေနတ်ဖြင့်ပစ်သတ်ခံရ

 

တနင်္သာရီတိုင်း၊လောင်းလုံမြို့နယ်၊ပန်းတင်အေးကျေးရွာတွင် ထားဝယ်တက္ကသိုလ်မြန်မာစာဌာနမှ ကထိကဒေါက်တာဝင်းဗိုလ်သည် ဇွန် ၁၂ ရက်ည ၆ နာရီကျော်ခန့်က သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရသည်ဟု သိရသည်။

ကထိကဒေါက်တာဝင်းဗိုလ်သည် ၎င်း၏ ဇနီးဖြစ်သူနှင့်အတူ နေအိမ်၌ရှိနေစဥ် အမည်မသိအမျိုး သားများမှ ဆိုင်ကယ်များဖြင့်ရောက်ရှိလာကာ သေနတ်ဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ကထိကဒေါက်တာဝင်းဗိုလ်သည် ကျည်ထိမှန်ဒဏ်ရာများရရှိကာအခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

အလားတူ ပန်းတင်အေးကျေးရွာနေ လောင်းလုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အ ငယ်တန်းစာရေးဒေါ်မြမြမိုးသည် ၎င်း၏နေအိမ် ၌ရှိနေစဥ် ည ၆ နာရီခွဲခန့်က အမည်မသိအမျိုး သားများရောက်ရှိလာကာ သေနတ်ဖြင့်ပစ်သတ်ခြင်းခံခဲ့ရသဖြင့် အခင်းဖြစ်နေရာတွင်သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်များမှပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရန် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here