ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသား နည်းပညာအလုပ်သင်သင်တန်းသားများ လုပ်ငန်းခွင်၌ အခက်အခဲများကြုံတွေ့ရပါက OTIT နှင့်အခမဲ့တိုင်ပင်ဆွေးနွေးနိုင်

0
236

ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသား နည်းပညာအလုပ်သင်သင်တန်းသားများ လုပ်ငန်းခွင်၌ အခက်အခဲများကြုံတွေ့ရပါက OTIT နှင့်အခမဲ့တိုင်ပင်ဆွေးနွေးနိုင်

ဂျပန်နိုင်ငံရှိ နိုင်ငံခြားသားနည်းပညာအလုပ်သင်တန်းကြီးကြပ်ရေးကော်မတီ(OTIT)၌ ဂျပန်နိုင်ငံသို့ရောက်ရှိနေသည့် မြန်မာနိုင်ငံသားနည်းပညာ အလုပ်သင်သင်တန်းသားများအနေဖြင့် လုပ်ငန်း ခွင်အတွင်းကြုံတွေ့ရသည့် အခက်အခဲများ၊ပြ ဿနာများအား တိုင်ပင်ဆွေးနွေးနိုင်သည်ဟု တိုကျိုမြို့ရှိ မြန်မာသံရုံးမှ ဇွန် ၁၄ ရက်(ယနေ့)တွင် အသိပေးထုတ်ပြန်ခဲ့သည်။

ထိုသို့ တိုင်ပင်ဆွေးနွေးခြင်းအား ဖုန်းဖြင့်ဖြစ်စေ Messenger မှဖြစ်စေ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပြီး အကြံဥာဏ်များလည်း ရယူနိုင်ကာ မိခင်ဘာသာစကားဖြင့်လည်း တိုင်ပင်ဆွေးနွေးနိုင်ကြောင်း သိရသည်။

Message နှင့် File များပေးပို့၍ တိုင်ပင်ဆွေးနွေးမှုများအား လက်ခံသွားမည်မဟုတ်ဘဲ စကားသံဖြင့်သာ လက်ခံဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ တိုင်ပင်ဆွေးနွေးရာ၌ ဖုန်းဖြင့်ဆက်သွယ်ပါက အင်္ဂါနေ့ နံနက် ၁၁ နာရီမှည ၇ နာရီအထိ ဖုန်းနံပါတ် – ၀၁၂၀-၂၅၀-၃၀၂ သို့ဆက်သွယ်နိုင်ကြောင်း သိရသည်။

အလားတူ Messenger မှတစ်ဆင့် ဆက်သွယ်ပါက OTIT ၏ Facebook Page အား Friend request ပြုလုပ်၍ https://www.facebook.com/profile.php?id=100065466735376&sk=about_overview
သို့ဝင်ခြင်း(သို့)ပူးတွဲစာရွက်ပါ QR Code အား Scan ဖတ်ရမည်ဖြစ်သည်။

ယင်းသို့ လုပ်ဆောင်ပြီး၍ Friend request လက်ခံပြီးပါက messenger တွင် ဖုန်း‌ခေါ်၍ တိုင်ပင်ဆွေးနွေးခြင်းရုံးခန်းမှ ဖြေကြားပါက ဂျပန်ဘာ သာဖြင့် မိမိ၏ ဘာသာစကားအားပြော၍ တိုင်ပင်ဆွေးနွေး၍ အကြံဥာဏ်များရယူနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here