ပြည်နယ်အစိုးရအဖွဲ့နှင့်ဝန်ကြီးဌာနအကြီးအကဲများသည် အောက်ခြေအထိအဂတိတရားကင်းစွာဖြင့် မှန်မှန်ကန်ကန်ဆောင်ရွက်၍ ပြည်သူအပေါ်ဝန်ဆောင်မှုပေးရန်လိုအပ်ဟု နစက ဒု- ဥက္ကဋ္ဌပြော

0
845

ပြည်နယ်အစိုးရအဖွဲ့နှင့်ဝန်ကြီးဌာနအကြီးအကဲများသည် အောက်ခြေအထိအဂတိတရားကင်းစွာဖြင့် မှန်မှန်ကန်ကန်ဆောင်ရွက်၍ ပြည်သူအပေါ်ဝန်ဆောင်မှုပေးရန်လိုအပ်ဟု နစက ဒု- ဥက္ကဋ္ဌပြော

နစက ဒု- ဥက္ကဋ္ဌ၊ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှ ဇွန် ၁၃ ရက်က ရခိုင်ပြည်နယ်၊စစ်တွေမြို့ရှိ ပြည်နယ်အ ဆင့်အစိုးရအဖွဲ့များ၊ဌာနဆိုင်ရာများအားတွေ့ဆုံအမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ရခိုင်ပြည်နယ်ကို လာရခြင်းက ပြည်နယ်အစိုးရ အဖွဲ့နဲ့ဌာနဆိုင်ရာတွေဟာ နိုင်ငံတော်စံမံအုပ်ချုပ်ရေးကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ် ဦးတည် ချက် ၉ ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ အခြေအနေ‌တွေ တွေ့ကြုံရတဲ့ အခက်အခဲတွေနဲ့ ဖြေရှင်းဆောင်ရွက်နေတာတွေကို သိဖို့နဲ့လို အပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ လာတာပါ”ဟု နစက ဒု-ဥက္ကဋ္ဌကပြောသည်။

ထို့ပြင် ပြည်နယ်အစိုးရအဖွဲ့သည် ပြည်သူအပေါ် မိသားစုစိတ်ဖြင့် ဦးစီးဦးဆောင်ပြုကာ ပြည်သူ လူထု၏ စီးပွားရေး၊လူမှုရေး၊ကျန်းမာရေး၊ပညာ ရေးမှစ၍ ပံ့ပိုးစောင့်ရှောက်ပေးရန်လိုအပ်သည်ဟု မှာကြားသည်။

“ပြည်နယ်အစိုးရအဖွဲ့နဲ့ဝန်ကြီးဌာနအကြီးအကဲတွေဟာ အောက်ခြေအထိ အဂတိတရားကင်းကင်းနဲ့ မှန်မှန်ကန်ကန်ဆောင်ရွက်ပြီး ပြည်သူတွေ အပေါ်ဝန်ဆောင်မှုပေးဖို့လိုအပ်ပါတယ်”ဟု နစက ဒု- ဥက္ကဋ္ဌကပြောသည်။

အလားတူ တာဝန်ရှိသူများအနေဖြင့် ပြည်နယ်၏ တိုးတက်ရာတိုးတက်ကြောင်းအား ဆွေးနွေးညှိ နှိုင်းပူးပေါင်း၍ ပြည်နယ်၏ယုံကြည်ကိုးစားမှုရရှိစေရန် ဆောင်ရွက်သွားရန်လိုအပ်သည်ဟု တိုက် တွန်းပြောကြားခဲ့သည်။

ထို့ပြင် လုပ်ငန်းများဆောင်ရွက်ရာ၌ ရေတိုလုပ် ငန်းနှင့်ရေရှည်ဆောင်ရွက်ရမည့်လုပ်ငန်းများရှိ၍ ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းများအား စီမံ ကိန်းစနစ်တကျရေးဆွဲကာ အပိုင်းလိုက်ဆောင် ရွက်သွားရန်လိုအပ်ပြီး ရေတိုဆောင်ရွက်ရမည့် လုပ်ငန်းများအား လျင်လျင်မြန်မြန်အင်တိုက် အားတိုက်ဖြင့် ထင်သာမြင်သာရှိသည့် အကျိုးတရားရရှိစေရန် အကောင်အထည် ဖော်ဆောင်ရွက်ရမည်ဟု မှာကြားသည်။

“ရခိုင်ပြည်နယ်မှာ ရေလုပ်ငန်းက ပြည်နယ်ရဲ့ အားသာချက်တစ်ခုဖြစ်သလို ဒေသခံပြည်သူ့အ များစုလုပ်ကိုင်တဲ့လုပ်ငန်းဖြစ်တာကြောင့် မိရိုးဖ လာသမားရိုးကျလုပ်ကိုင်မှုအစား သိပ္ပံနည်းကျအ ဆင့်မြှင့်တင်ပြီး ကျွမ်းကျင်တဲ့အတတ်ပညာရှင်တွေရဲ့အကူအညီရယူပြီး စီးပွားဖြစ် ငါး၊ပုစွန်၊ဂ ဏန်းပျော့မွေးမြူရေးလုပ်ငန်းတွေကို တွင်တွင်ကျယ်ကျယ်လုပ်ရင် စီးပွားရေးအခွင့်အလမ်းကောင်းပြီး အလုပ်အကိုင်အခွင့်အလမ်းတွေလည်း ပိုရမှာဖြစ်သလိုဒေသဖွံ့ဖြိုးရေးကိုလည်း အထောက်အကူပြုနိုင်မှာဖြစ်ပါတယ်”ဟု နစက ဒု-ဥက္ကဋ္ဌကပြောဆိုမှာကြားသည်။

အလားတူ ခရီးသွားလုပ်ငန်းအား အဆင့်မြှင့်တင်နိုင်ရန် ပြင်ဆင်ရမည်ဖြစ်ကာ ကိုဗစ်(၁၉)ရောဂါ ကာကွယ်ရေးကန့်သတ်ချက်များအား အဆင့်လိုက်ဖြေလျှော့ထားပြီးဖြစ်၍ မြောက်ဦးရှေးမြို့ဟောင်း၊ငပလီနှင့်ကမ်းရိုးတန်းတစ်လျှောက် အ ပန်းဖြေကမ်းခြေများအား ခရီးသွားများ စိတ်ဝင် စားမှုရှိအောင် ဆောင်ရွက်သွားရန်လိုအပ်သည်ဟုပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here