စိုက်ပျိုးရေးသုတေသနလုပ်ငန်းသည် နိုင်ငံအတွက် အဓိကလိုအပ်ချက်ဖြစ်၍ အရေးကြီးသည်ဟု နစက ဥက္ကဋ္ဌပြော

0
160
စိုက်ပျိုးရေးသုတေသနလုပ်ငန်းသည် နိုင်ငံအတွက် အဓိကလိုအပ်ချက်ဖြစ်၍ အရေးကြီးသည်ဟု နစက ဥက္ကဋ္ဌပြော
နေပြည်တော်၊ဇေယျာသီရိမြို့နယ်ရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာနသို့ ဇွန် ၁၄ ရက်မွန်းလွဲပိုင်းက နစက ဥက္ကဋ္ဌမှသွားရောက်စဥ် စိုက်ပျိုးရေး၊မွေး မြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိသူ များနှင့်တွေ့ဆုံရာ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။
“သုတေသနလုပ်ငန်း(Research and Development)ဟာ နိုင်ငံတစ်ခုအတွက် အရေး ကြီးတဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ် စီးပွားရေးလုပ်ငန်းဆောင်ရွက်တဲ့ အဖွဲ့အစည်းတွေနဲ့ ကမ္ဘာ့နိုင်ငံတွေမှာ သုတေသနလုပ်ငန်းကို အားပေးဆောင်ရွက်ကြသလို မြန်မာနိုင်ငံအတွက်လည်း အရေးကြီးလိုအပ်ချက်ဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။
ထို့ပြင် မိမိတို့နိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်းခန့် သည် ကျေးလက်ဒေသတွင်နေထိုင်ကာ စိုက်ပျိုး ရေးအားအခြေခံသည့် စက်မှုလုပ်ငန်းများလည်းရှိပြီး နိုင်ငံ၏ GDP သည်စိုက်ပျိုးရေးလုပ်ငန်းမှ များစွာအထောက်အကူပြုသဖြင့် စိုက်ပျိုးရေးထုတ်ကုန်များအထွက်နှုန်းကောင်းမွန်ရန်နှင့် အရည်အသွေးကောင်းမွန်ရန်လိုအပ်သည်ဟု ပြောသည်။
“ဒါ့ကြောင့် သုတေသနလုပ်ငန်းတွေနဲ့ မျိုးကောင်း မျိုးသန့်တွေရအောင် ဆောင်ရွက်ကြရခြင်းဖြစ်ပါတယ် စိုက်ပျိုးရေးလုပ်ငန်းတွေမှာ မျိုး၊မြေ၊ရေနည်း လေးမျိုးကအဓိကလိုအပ်ချက်ဖြစ်တာကြောင့် မျိုးကောင်းဖို့၊အာဟာရပြည့်ဝတဲ့ မြေဩ ဇာရဖို့၊ရေလုံလောက်အောင်ရဖို့နဲ့နည်းစနစ်ကောင်းမွန်စွာနဲ့ စိုက်ပျိုးနိုင်ဖို့လိုပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။
ယင်း အချက်များပေါ်မူတည်၍ အထွက်နှုန်းများ ကွာခြားသွားခြင်းဖြစ်ကာ စိုက်ပျိုးရေးသုတေသ နလုပ်ငန်းသည် နိုင်ငံအတွက် အဓိကလိုအပ်ချက်ဖြစ်ကြောင်းပြနေသဖြင့် အရေးကြီးသည်ဟု ပြော သည်။
ထို့ပြင် အနှံနှင့်ပတ်သက်၍ စပါးလူးဆပ်တို့ရှိရာ၌ စပါးသည် အဓိကလိုအပ်ချက်ဖြစ်ကာ မြန်မာနိုင် ငံတွင် စပါးမျိုးပေါင်းများစွာရှိပြီး ဒေသနှင့်ကိုက်ညီသည့် စပါးမျိုးများအား စိုက်ပျိုးနိုင်ရန်လိုအပ်ပြီး ပင်လယ်ရေငန်ဒဏ်၊ရာသီဥတု ဒဏ်ခံနိုင်သည့် မျိုးကောင်းမျိုးသန့်များရရှိစေရန် သုတေ သနပြုဆောင်ရွက်နေရမည်ဟုပြောသည်။
“အထွက်နှုန်းကောင်းပြီး အရည်အသွေးပြည့်မီတဲ့ မျိုးတွေဖြစ်ဖို့ အော်ဂဲနစ်နည်းပညာတွေနဲ့ သီးနှံတွေစိုက်ပျိုးနိုင်ဖို့လည်း လိုအပ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။
အလားတူ အထွက်နှုန်းကောင်းမွန်ရန် မြေဩဇာများပြည့်ဝစွာရရှိရန်လိုအပ်၍ မြေဩဇာများဝယ် ယူရရှိရေးနှင့်ပြည်တွင်း၌ ထုတ်လုပ်နိုင်ရေးအား ကြိုးပမ်းဆောင်ရွက်လျက်ရှိကာ စိုက်ပျိုးရေးနှင့်မွေးမြူရေးသည် ဒွန်တွဲလျက်ရှိပြီး အပြန်အလှန် အကျိုးပြုလျက်ရှိသည်ဟုပြောသည်။
“စိုက်ပျိုးရေးကထွက်တဲ့ ထွက်ကုန်တွေဟာ တိရ စ္ဆာန်အစားအစာများလုပ်လို့ရသလို မွေးမြူရေးတိရစ္ဆာန်တွေကထွက်တဲ့ စွန့်ပစ် ပစ္စည်းတွေကလည်း ဇီဝမြေဩဇာအဖြစ်အသုံးချလို့ရပါတယ် ဒါ့အပြင် မြေဩဇာတွေထုတ်လုပ်နိုင်ဖို့အတွက်လည်း သုတေသနလုပ်ငန်းတွေအနေနဲ့ ကြိုးပမ်းဆောင်ရွက်ကြစေလိုပါတယ်”ဟု နစက ဥက္ကဋ္ဌကတိုက်တွန်းပြောကြားသည်။
ထို့ပြင် အချို့သည်ရေများအား အဟောသိကံ အ သုံးပြုလျက်ရှိသဖြင့် ရေကိုစနစ်တကျအသုံးချရန်လိုကာ အချို့နေရာများ၌ ရေလုံလောက်စွာမရသဖြင့် စိုက်ပျိုးမှုမဖြစ်ထွန်းသည့် နေရာများရှိ၍ ရေပေးဝေရေးစနစ်များ ကောင်းမွန်စေရန်ဆောင် ရွက်ရန်လိုကာ အချို့နိုင်ငံများတွင် ရေရှားပါးသော်လည်း ရေအစက်ချစနစ်များအား အသုံးပြု ၍စိုက်ပျိုးရေးလုပ်ငန်းများအောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။
“မြန်မာနိုင်ငံမှာ စိုက်ပျိုးရေးလုပ်ငန်းတွေအတွက်လိုအပ်တဲ့ ရေနဲ့မြေတွေ လုံလောက်အောင်ရှိပေမယ့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေဖွံ့ဖြိုးတိုး တက်မှုနည်းပါးနေတာကြောင့် စိုက်ပျိုးရေးလုပ် ငန်းတွေမှာ ရေကိုအကျိုးရှိအောင် အသုံးချနိုင်ရေးအတွက် သုတေသနလုပ်ငန်းတွေနဲ့ဆောင် ရွက်ကြစေလိုပါတယ်”ဟု နစက ဥက္ကဋ္ဌကတိုက်တွန်းပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here