နိုင်ငံသားစီစစ်ရေးကတ် ဖောင်းပွမှုမရှိစေရန်နှင့် မှန်ကန်မှုရှိစေရန် တိုင်းနှင့်ပြည်နယ်အလိုက် တစ်ချိန်တည်းတစ်ပြိုင်တည်း တိုက်ဆိုင်စစ်ဆေးသွားမည်

0
165

နိုင်ငံသားစီစစ်ရေးကတ် ဖောင်းပွမှုမရှိစေရန်နှင့် မှန်ကန်မှုရှိစေရန် တိုင်းနှင့်ပြည်နယ်အလိုက် တစ်ချိန်တည်းတစ်ပြိုင်တည်း တိုက်ဆိုင်စစ်ဆေးသွားမည်

နစက ဒု-ဥက္ကဋ္ဌ၊ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှ စစ်တွေမြို့ရှိ ပြည်နယ်အဆင့် အစိုးရအဖွဲ့များ၊ဌာနဆိုင်ရာများအား တွေ့ဆုံအမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

နစက ၏ရှေ့လုပ်ငန်းစဉ်ပါ ကျင်းပပြလုပ်မည့် အ ထွေထွေရွေးကောက်ပွဲသည် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေးမှာ မဲပေးပိုင်ခွင့်ရှိသူတစ်ဦးချင်း၏ ရှိရမည့်နိုင်ငံသားစိစစ်ရေးကတ်သည် အရေးကြီးသည်ဟု ပြောသည်။

“နိုင်ငံသားစီစစ်ရေးကတ်ဟာ သတ်မှတ်အသက် အရွယ်အလိုက် တစ်ယောက်ကိုတစ်ကတ်သာ ရှိရမှာဖြစ်ပါတယ် အသက်(၁၈)နှစ်ပြည့်ပြီးသူတွေဟာ နိုင်ငံသားစီစစ်ရေးကတ်ရှိမှသာ မဲပေးနိုင်မှာဖြစ်ပါတယ်”ဟု နစက ဒု- ဥက္ကဋ္ဌကပြောသည်။

ထို့ကြောင့် နိုင်ငံသားစီစစ်ရေးကတ် ဖောင်းပွမှုမရှိစေရန်နှင့်မှန်ကန်မှုရှိစေရန် တိုင်းနှင့်ပြည်နယ်အ လိုက် တိုက်ဆိုင်စစ်ဆေးမှုလုပ်ငန်းများအား တစ်ချိန်တည်းတစ်ပြိုင်တည်း ပြုလုပ်သွားမည်ဟု ပြောသည်။

“အဲဒီလုပ်ငန်း စတင်အကောင်အထည်ဖော်ချိန်မှာ တက်ရောက်လာကြတဲ့ ဌာနဆိုင်ရာအကြီးအကဲများကလည်း တစ်ဒေါင့်တစ်နေရာကနေ ပါဝင်ကူညီဆောင်ရွက်ပေးကြဖို့ ကြိုတင်မှာကြားလိုပါတယ်”ဟု နစက ဒု-ဥက္ကဋ္ဌကပြောဆိုမှာကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here