ဗိုလ်ရာညွန့်လမ်းတွင် ဗုံးပေါက်ကွဲရာ အမျိုးသားတစ်ဦးဒဏ်ရာအပြင်းအထန်ရ

0
191

ဗိုလ်ရာညွန့်လမ်းတွင် ဗုံးပေါက်ကွဲရာ အမျိုးသားတစ်ဦးဒဏ်ရာအပြင်းအထန်ရ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်တွင် ယနေ့ နံနက်ပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ်ပွားကာ အမျိုးသား တစ်ဦးဒဏ်ရာ အပြင်းအထန်ရရှိခဲ့ကြောင်း သိရသည်။

ဒဂုံမြို့နယ် ၊ ယောမင်းကြီးရပ်ကွက်၊ ဗိုလ်ရာညွန့်လမ်း မဟာနွယ်ပစ္စည်းအငှားဆိုင် ဘေးတွင် ဇွန်လ ၁၆ ရက် နံနက် ၁ဝ နာရီ ၂၀ မိနစ်အချိန်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်က အဲဒီနဲ့ မလှမ်းမကမ်းမှာနေတယ်။ လိုင်းပေါ်ကနေ ဟင်းရောင်းတာပေါ့။ မနက်က လမ်းကြောင်း သွားပို့မလို့ လုပ်နေတုန်း ပေါက်ကွဲသံကြားတာပဲ။ ထိတဲ့ကောင်လေးက သေဖို့များတယ်လို့ကြားတယ်။ ခြေတောက်တွေ ပြတ်ကုန်တယ်ဆိုလားမသိဘူး” ဟု ယောမင်းကြီးရပ်ကွက်အ တွင်း နေထိုင်သူ ကိုဇော်ထူးကိုက ပြောသည်။

ပေါက်ကွဲမှု ဖြစ်စဉ် ဖြစ်ပွားသည့်အနီးတွင် အမည်မသိအမျိုးသားတစ်ဦး ဒဏ်ရာများဖြင့် လဲနေပြီး မျက်နှာစုတ်ပြဲ၊ လက်များစုတ်ပြတ်၊ ယာခြေကျင်းဝတ်ပြတ်ထွက်ဒဏ်ရာများ ရရှိထားကြောင်း သိရသည်။

အဆိုပါ ဒဏ်ရာရရှိသူမှာ မည်သူမည်ဝါဖြစ်သည်ကို မသိရှိရသေးဘဲ လက်ရှိတွင် ဆေးရုံသို့ ပို့ဆောင်ထားကြောင်း အနီးပတ်ဝန်းမှ ပြည်သူများထံက သိရသည်။

အဆိုပါ ပေါက်ကွဲမှု ဖြစ်ပွားသည့်နေရာသည် ရန်ကုန် တိုင်း စစ်ရုံးနှင့် အနီးပတ်ဝန်းကျင်တွင်ဖြစ်ပြီး လက်ရှိအချိန်ထိ ဗိုလ်ရာညွန့်လမ်းကို လမ်းပိတ်ထားကာ ရှာဖွေ စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here