နစကနှင့်ငြိမ်းချမ်းရေးကိစ္စရပ်များဆွေးနွေးပြီးALP ဒု-ဥက္ကဋ္ဌဒေါ်စောမြရာဇာလင်း ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့ပြန်လည်ထွက်ခွာ

0
411

နစကနှင့်ငြိမ်းချမ်းရေးကိစ္စရပ်များဆွေးနွေးပြီးALP ဒု-ဥက္ကဋ္ဌဒေါ်စောမြရာဇာလင်း ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့ပြန်လည်ထွက်ခွာ

နစက ဥက္ကဋ္ဌ၊ နစက ၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့တို့နှင့်ငြိမ်းချမ်းရေးအတွက် လာရောက်ဆွေးနွေးခဲ့သည့် ရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီ(ALP)ဒု-ဥက္ကဋ္ဌဒေါ်စောမြရာဇာလင်းဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၁၆ ရက်(ယနေ့)နံနက်ပိုင်းက နေပြည်တော်မှလေ ကြောင်းခရီးစဥ်ဖြင့်ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

ပြန်လည်ထွက်ခွာသွားသည့် ရခိုင်ပြည်လွတ် မြောက်ရေးပါတီ(ALP)ဒု-ဥက္ကဋ္ဌဒေါ်စောမြရာဇာလင်း ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်နှင့်တာ ဝန်ရှိသူများက နေပြည်တော်လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။

အလားတူ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာန၊အနုပညာဦးစီးဌာနမှ တိုင်းရင်းသား၊တိုင်းရင်းသူများ၊ဌာနဆိုင်ရာဝန်ထမ်းများနှင့်ဒေသခံပြည်သူများမှလည်း ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။

“ထာဝရငြိမ်းချမ်းရေးကို ရရှိရေးသည်ပြည်သူတစ်ရပ်လုံး၏ ဆန္ဒအစစ်အမှန်ဖြစ်သည်၊ငြိမ်း ချမ်းရေးရရှိရေးသည် နိုင်ငံသားအားလုံး၏ ဆန္ဒအမှန်ဖြစ်သည်၊ပြည်ထောင်စုကြီးငြိမ်းချမ်းဖို တွေ့ဆုံဆွေးနွေးကြပါစို့၊တိုင်းရင်းသားတွေစည်း လုံးမှ ငြိမ်းချမ်းတည်ငြိမ်အေးချမ်းရ”ဆိုသည့်ဆိုင်းဘုတ်များ၊နိုင်ငံတော်အလံငယ်များကိုင်ဆောင်၍ ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here