၁၄ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေးကို သမ္မတ ရှီကျင့်ဖျင်က သဘာပတိအဖြစ် ဆောင်ရွက်သွားမည်

0
105

၁၄ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေးကို သမ္မတ ရှီကျင့်ဖျင်က သဘာပတိအဖြစ် ဆောင်ရွက်သွားမည်

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ဇွန်လ ၂၃ ရက် ကြာသပတေးနေ့၌ ပေကျင်းတွင် ကျင်းပမည့် ၁၄ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေးတွင် သဘာပတိအဖြစ် ဦးဆောင်သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွားချွန်ယင်း ကပြောကြားခဲ့သည်။

အဆိုပါထိပ်သီးအစည်းဝေးကို “အရည်အသွေးမြင့် BRICS မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ခြင်း၊ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေတ်သစ်ကဏ္ဍတစ်ရပ် ဖွင့်ပေးခြင်း” ဟူသော ဆောင်ပုဒ်အောက်၌ အွန်လိုင်းပုံစံ အစည်းအဝေးဖြင့် ပြုလုပ်ကျင်းပသွားမည်ဖြစ်သည်။

တရုတ်သမ္မတာ ရှီကျင့်ဖျင်သည် BRICS စီးပွားရေးဖိုရမ်၏ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်မည်ဖြစ်ပြီး ဇွန်လ ၂၂ ရက်နေ့၌ မိန့်ခွန်းပြောကြားမည်ဖြစ်သည်။ ဇွန်လ ၂၄ ရက်နေ့၌ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးမှုဆိုင်ရာ အဆင့်မြင့် ဆွေးနွေးပွဲကိုပါ လက်ခံကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

ယင်းဆွေးနွေးပွဲကို BRICS ခေါင်းဆောင်များ၊ ဖွဲ့ဖြိုးဆဲနိုင်ငံများမှ‌ ခေါင်းဆောင်များ၊သက်ဆိုင်ရာဈေးကွက်ကိုဦး​ဆောင်​နေသူများတက်ရောက်ကြမည်ဖြစ်သည်။

BRICSသည် ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ် နှင့် တောင်အာဖရိကနိုင်ငံစသည့် နိုင်ငံကြီးငါးနိုင်ငံပေါင်းစည်းထားသည်ကို အတိုကောက်ခေါ်ဝေါ်ခြင်းဖြစ်သည်။

Source: Chinadaily


LEAVE A REPLY

Please enter your comment!
Please enter your name here