နစက တာဝန်ယူသည့် (၁) နှစ်ကျော်အတွင်း ကုန်သွယ်မှုပိုငွေ အ​မေရိကန်ဒေါ်လာ ၁၁၄၀ သန်းဖြစ်ပေါ်ခဲ့ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြော

0
184

နစက တာဝန်ယူသည့် (၁) နှစ်ကျော်အတွင်း ကုန်သွယ်မှုပိုငွေ အ​မေရိကန်ဒေါ်လာ ၁၁၄၀ သန်းဖြစ်ပေါ်ခဲ့ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြော

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလမှ စတင်၍ ၂၀၂၂ ခုနှစ် မေလအထိ ကာလအတွင်း ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၁၁၄၀ သန်း ဖြစ်ပေါ်ခဲ့ကြောင်း နစက ဥက္ကဋ္ဌ ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

ဇွန်လ ၁၆ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီ (၅/၂၀၂၂) အစည်းအ ဝေးတွင် ကောင်စီဥက္ကဋ္ဌ က ပြောကြားခဲ့ခြင်း ဖြစ်သည်။

” မိမိတာဝန်ယူ ဆောင်ရွက်ချိန်တွင် ကုန်သွယ်မှုနှင့်ပတ် သက်၍ အချိုသော မလိုအပ်သည့် ပစ္စည်းများတင်သွင်းမှုကို ထိန်းသိမ်းကြပ်မတ်ခဲ့ပြီး လိုအပ်သည့်ကုန်ပစ္စည်းများ ကိုသာတင်သွင်းစေခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလက စ၍ ၂၀၂၂ မေလအထိ ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၁၁၄၀ သန်း ဖြစ်ပေါ်ခဲ့ပါတယ်” ဟု ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

ပြီးခဲ့သည့် ဒီမိုကရေစီအစိုးရ သက်တမ်းနှစ်ခုတွင် မြန်မာ နိုင်ငံ၏ စီးပွားရေးကဏ္ဍ၌ ကုန်သွယ်ရေးလိုငွေများ ရှိခဲ့သည့်အတွက် မိမိတာဝန်ယူချိန်ကာလအတွင်း ကြပ်ကြပ် မတ်မတ်ဖြင့် ထိန်းသိမ်းဆောင်ရွက်ခဲ့ကြောင်းလည်း နစက ဥက္ကဋ္ဌ ပြောသည်။

ကုန်သွယ်မှုလုပ်ငန်းများတွင် နိုင်ငံ၏ သဘောသဘာဝအရ အစိုးရမှပါဝင် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများရှိသကဲ့သို ပုဂ္ဂလိကမှဆောင်ရွက်လျက်ရှိသည့် ကုန်ထုတ်လုပ်ငန်းများလည်းရှိရာ အဆိုပါ ကာလများအတွင်း အစိုးရအနေဖြင့် ကုန်သွယ်မှုပိုငွေများ ဖြစ်ပေါ်ခဲ့သော် လည်း ပုဂ္ဂလိကအနေဖြင့် ကုန်သွယ်မှုလိုငွေများဖြစ်ပေါ်ခဲ့ သည်ကိုတွေ့ရှိရကြောင်းလည်း ၎င်းက ပြောသည်။

နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တာဝန်ယူပြီးနောက်ပိုင်း ပထမဆုံး ပြန်လည်သတ်မှတ်ခဲ့သည့် မီနီဘတ်ဂျက်ကာလအတွင်း ပြည်ပနိုင်ငံများနှင့် ကုန်သွယ်မှုတန်ဖိုးက အမေရိကန်ဒေါ်လာ ၁၆ ဘီလီယံကျော်ရှိခဲ့ကြောင်း စီးပွားကူးသန်း ဝန်ကြီးဌာန၏ သတင်းအချက် အလက်များကို ကိုးကားပြီး မြန်မာ့ မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအဖွဲ က ထုတ်ပြန်ထားသည်။

ယခု ဘဏ္ဍာနှစ်အတွင်း ပြည်ပနိုင်ငံများသိုပြန်လည်ပေး ဆပ်ရန်အတွက် ချေးငွေများရှိနေသေးပြီး နိုင်ငံအတွက် ဝင်ငွေများရရှိအောင် ဆောင်ရွက်ရန်လိုအပ်နေပြီး ပုဂ္ဂလိက ပို့ကုန်များမြှင့်တင်ပေးရန်နိုင်ရန်အတွက် ပုဂ္ဂလိကပို့ကုန်လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းလည်း နစက ဥက္ကဋ္ဌက ပြော သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here