ကချင်ပြည်နယ်ရှိ မြို့နယ် ၂ ခုအတွင်းရှိ မြေနိမ့်ပိုင်းလူနေရပ်ကွက်အချို့၌ ရေဝင်ရောက်မှုများရှိ၍ လွတ်ကင်းရာသို့ရွှေ့ပြောင်း

0
169

ကချင်ပြည်နယ်ရှိ မြို့နယ် ၂ ခုအတွင်းရှိ မြေနိမ့်ပိုင်းလူနေရပ်ကွက်အချို့၌ ရေဝင်ရောက်မှုများရှိ၍ လွတ်ကင်းရာသို့ရွှေ့ပြောင်း

ကချင်ပြည်နယ်ရှိ ရွှေကူမြို့နှင့်ဗန်းမော်မြို့နယ်တို့တွင် ဇွန် ၁၇ ရက်(ယနေ့)နံနက်ပိုင်းက မြစ်ရေမြင့်တက်၍ မြေနိမ့်ပိုင်းလူနေရပ်ကွက်များအတွင်း ရေဝင်ရောက်မှုများရှိနေသည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

ရွှေကူမြို့အတွင်း၌ ဧရာဝတီမြစ်ရေမြင့်တက်လာသဖြင့် နံနက် ၁၀ နာရီခွဲကျော်ခန့်တွင် မြေနိမ့်ပိုင်းနေရာဖြစ်သည့် အမှတ်(၄)ရပ်ကွက်အတွင်းရှိ လူနေအိမ်များအတွင်းသို့ ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့သည်။

ထို့ကြောင့် ရေဝင်ရောက်နေသည့် လူနေအိမ်များ၌နေထိုင်သူများအား ရေလွတ်ကင်းသည့်နေရာများသို့ ရွှေကူမြို့နယ်မီးသတ်ဦးစီးမှူးရုံးမှတပ်ဖွဲ့ဝင်များက ယာယီရွှေ့ပြောင်းပေးခဲ့ကြသည်။

ထို့ပြင် နံနက် ၆ နာရီတွင်လည်း ဗန်းမော်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် မြေနိမ့်ပိုင်းနေရာများဖြစ်သည့် ခွန်သာရပ်ကွက်နှင့်ဆင်ကုန်းရပ်ကွက်ရှိ လူနေအိမ်ခြံဝန်းများအတွင်းသို့ ရေများဝင်ရောက်ခဲ့သည်။

ထိုသို့ ရေဝင်ရောက်မှုကြောင့် ဗန်းမော်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ရပ်ကွက်များအတွင်းနေထိုက်သူများအား ရေဘေးလွတ်ရာသို့ ကူညီ၍ယာယီရွှေ့ပြောင်းပေးခဲ့ကြကြောင်း မြန်မာနိုင်ငံမီးငတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here