ထိုင်းဝင်ခွင့် Thailand pass မလို​​တော့

0
134

ထိုင်းဝင်ခွင့် Thailand pass မလို​​တော့

ဇူလိုင်လ ၁ ရက်နေ့မှ စတင်၍ ထိုင်းနိုင်ငံသို့ ဝင်ရောက်လာသည့် နိုင်ငံခြားသားများအတွက် Thailand Pass မလိုအပ်တော့ကြောင်း ကိုဗစ်အခြေအနေထိမ်းချုပ်​ရေးစင်တာမှ သောကြာနေ့တွင် ဆုံးဖြတ်ခဲ့သည်။

ထိုင်းသို့ဝင်ရောက်သူများသည် ကာကွယ်ဆေးထိုးထားကြောင်း သို့မဟုတ် COVID-19 စစ်ဆေးမှုရလဒ်များကို ပြသရန်သာ လိုအပ်မည်ဖြစ်သည်။

ဇူလိုင် ၁ ရက်မှစ၍ လူထူထပ်သောနေရာများမှလွဲ၍ အပြင်ဘက်တွင်နှာ​ခေါင်းစည်း Mask မတပ်လည်းရပြီဖြစ်သည်။

တက်ရောက်သူ ၂၀၀၀ ကျော်ရှိသော ပြင်ပပွဲများက​တော့ခွင့်ပြုချက်ကို ဦးစွာရယူရမည်ဖြစ်ပါသည်။ အရက်ဆိုင်များ၊ ဘားများနှင့် ညအပန်းဖြေစခန်းများသည် သန်းခေါင်ယံပိတ်ချိန်ကို ရုတ်သိမ်းပြီး နံနက် ၂နာရီသို့ ပြန်ပြောင်းခြင်းဖြင့် ၎င်း၏ပုံမှန်လုပ်ငန်းလည်ပတ်ချိန်များကို ပြန်လည်စတင်​တော့မည်ဖြစ်သည်။

မွန်းလွဲ ၂ နာရီမှ ၅ နာရီအထိ ဟိုတယ်များတွင် အရက်ရောင်းချမှု တားမြစ်ချက်ကို ဇူလိုင် ၁ ရက်မှ စတင်ကာ ရုတ်သိမ်းမည်ဖြစ်ကြောင်း ခရီးသွားဝန်ကြီး Phiphat Ratchakitprakarn က သောကြာနေ့တွင် ပြောကြားခဲ့သည်။

Source: Khaosod


LEAVE A REPLY

Please enter your comment!
Please enter your name here