မော်လမြိုင်နှင့် ကျိုက်မရော အချုပ်ထောင်၊ အကျဉ်းထောင် နှင့်ရဲစခန်းအချုပ်ခန်းတို့ကို လူ့အခွင့်အရေးကော်မရှင် က လေးရက်ကြာ စစ်ဆေး

0
457

မော်လမြိုင်နှင့် ကျိုက်မရော အချုပ်ထောင်၊ အကျဉ်းထောင် နှင့်ရဲစခန်းအချုပ်ခန်းတို့ကို လူ့အခွင့်အရေးကော်မရှင် က လေးရက်ကြာ စစ်ဆေး

မွန်ပြည်နယ်၊ မော်လမြိုင်နှင့် ကျိုက်မရောမြို့နယ်များအတွင်းရှိ ဗဟိုအကျဉ်းထောင်အပါအဝင် အချုပ်ထောင်၊ ရဲစခန်အချုပ်ခန်းတို့ကို မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က လေးရက် ကြာစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

ယင်းသို့ စစ်ဆေးရာတွင် ဇွန်၁၃ ရက်နှင့် ၁၄ ရက်တို့တွင် မော်လညမိုင်မြို့ရှိ အချုပ်ထောင်ကိုလည်းကောင်း၊ ဇွန် ၁၅ ရက်နေ့တွင် ကျိုက်မရောဗဟိုအကျသ်းထောင်နှင့် ရဲစခန်းအချုပ်တို့ကိုလည်းကောင်း၊ ဇွန် ၁၆ ရက်တွင် မော်လမြိုင် မြိုကမရဲစခန်းနှင့် မုပွန်နယ်မြေရဲစခန်းတို့ကို လည်းကောင်း အသီးသီးစစ်ဆေးခဲ့ကြခြင်းဖြစ်သည်။

လူ့အခွင့်အရေးကော်မရှင်က အကျဉ်းသား၊ အကျဉ်းသူ၊ အချုပ်သား အချုပ်သူတို့ကို အုပ်စုများခွဲ၍တွေ့ဆုံခဲဲ့ပြီး အကျဉ်းသား၊အချုပ်သားတစ်ဦးချင်းစီ၏ အနိ်မ့်ဆုံးရရှိမည့် အခွင့်အရေးဖြစ်သော နေထိုင်စားသောက်မှု၊ ကျန်းမာရေးစောင့်ရှောက်မှု ရှိ/မရှိတို့ကို စစ်ဆေးခဲ့သည့်အပြင် ထောင်ဝင်စာစုံလင်စွာရရှိ/မရှိ များကိုပါ မေးမြန်းစစ်ဆေးခဲ့သည်။

ထို့အပြင် အကျဉ်းသားနှင့် အချုပ်သားတို့ရှိ ရထိုက်သော အသုံးအဆောင်ပစ္စည်းများရရှိခြင်းရှိ/မရှိ ၊ ညှင်းပန်းနှိပ်စက်မှု ရှိ/မရှိတို့ကို မှတ်တမ်းတင်ခြင်း၊ ယခင်က ကြည့်ရှု့စစ်ဆေးခဲ့သည့် အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ထားခြင်းတို့အပေါ် ကြည့်ရှု့စစ်ဆေးခဲ့ကြသည်။

အကျဉ်းသား၊ အချုပ်သားများ၏ အိပ်ဆောင်များ၊ ထောင်တွင်း ဆေးရုံဆေးခန်း၊ တိုက်ခန်းများ၊ စာကြည့်တိုက် ၊စာဖိုမှူးကြီး၊ ရိက္ခာဂိုထောင်၊ ရေသန့်စက်၊ သောက်ရေနှင့် သုံးရေကန်များ၊ မိလ္လာများသန့်ရှင်းမှုရှိ/မရှိနှင့် ကိုဗစ် ၁၉ ရောဂါကာကွယ်ဆေးထိုးနှံနေမှုများကိုလည်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ကော်မရှင်၏ လေးရက်ကြာ စစ်ဆေးတွေ့ရှိချက်များကို အရေးယူဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာသို့ ပေးပို့ သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here