အမေရိကန်နိုင်ငံတွင် အပူချိန်လွန်ကဲမှုကြောင့် ကျွဲနွားအကောင် ၂,၀၀၀ ခန့်သေဆုံး

0
213

အမေရိကန်နိုင်ငံတွင် အပူချိန်လွန်ကဲမှုကြောင့် ကျွဲနွားအကောင် ၂,၀၀၀ ခန့်သေဆုံး

အ​မေရိကန်ရှိကန်ဆက်ပြည်နယ် အာဏာပိုင်များက ပြင်းထန်သော အပူရှိန်ကြောင့် အနည်းဆုံး ကျွဲ၊နွားအကောင်ရေ ၂၀၀၀ ခန့် သေဆုံးခဲ့ကြောင်းပြောကြားခဲ့ပြီး အပူချိန်တိုးလာခြင်းက တိရစ္ဆာန်များကိုခြိမ်းခြောက်လျက်ရှိသည်ဟု ဆိုသည်။

ရုရှား – ယူကရိန်းစစ်ပွဲကြောင့်တိရိစ္ဆာန် အစာ‌‌ဈေးများတက်လာသဖြင့်အမေရိကန်မွေးမြူရေးလုပ်ငန်းသည် အစာပြတ်လပ်မှုဒဏ်ကိုခံနေရကာ မွေးမြူရေးလုပ်ငန်းရှင်များကကောင်ရေလျှော့မွေးရန်ပင်ဆုံးဖြတ်​နေကြသည်။

ကန်ဆက်သည် တက္ကဆက် နှင့် နီဘရာစကာတို့ပြီးလျှင် တတိယအကြီးဆုံး အမေရိကန်‌၏မွေးမြူရေးပြည်နယ်ဖြစ်ပြီး ကျွဲ၊နွား အကောင်ရေ ၂ ဒသမ ၄ သန်းကျော်ရှိသည်။

ကန်ဆက်အနောက်ဘက်ခြမ်းတွင်ပြီးခဲ့သည့်အပတ်က အပူချိန်မြင့်တက်လာသည့်အတွက် တိရစ္ဆာန်များသည် အအေးဓာတ်မှရုတ်ချည်းပြောင်းလဲမူကို လိုက်လျောညီထွေမဖြစ်နိုင်ကာ ယခုလိုသေဆုံးကြခြင်းဖြစ်ကြောင်း ကန်ဆက် မွေးမြူရေးအသင်းမှ ပြောရေးဆိုခွင့်ရှိသူ Scarlett Hagins ကဆိုသည်။

တနင်္လာနေ့တွင် ကန်ဆက်အနောက်မြောက်ပိုင်းတွင် အပူချိန် ၁၀၈ ဒီဂရီဖာရင်ဟိုက် (၄၂ ဒီဂရီစင်တီဂရိတ်) သို့ရောက်ရှိခဲ့ကြောင်းကမ္ဘာ့မိုး‌လေဝသဌာန၏ဥက္ကဌ Drew Lerner ကဆိုသည်။

ယခုတစ်ပတ်အကုန်တွင် ကန်ဆက်အနောက်ပိုင်းနှင့် Texas Panhandle ရှိနေရာများသည် ၁၁၀ ဒီဂရီအနီးတွင်ရှိမည်ဖြစ်သော်လည်း လေတိုက်နှုန်းပိုမိုအားကောင်းကာ အစိုဓာတ်လျော့နည်းမည်ဖြစ်သဖြင့် ကျွဲနွားများသေဆုံးမှုနည်းပါးလာနိုင်ကြောင်း ၎င်းကခန့်မှန်း​ပြောဆိုသည်။

Source – WionNews

 


LEAVE A REPLY

Please enter your comment!
Please enter your name here