ဘယ်ဇာတ်ကားကို ပြောတာလဲလို့ ပြန်မေးချင်တယ် ဦးလူမင်း (ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ)

0
148

lu-minရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်းက ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)ကို ဂျာနယ် တစ် စောင်မှာ ဖြေကြားခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ တစ်ယောက်ရဲ့ ဂုဏ်သိက္ခာ ပိုင်းနဲ့ အနုပညာသမား တစ်ဦးရဲ့ ဂုဏ်သိက္ခာ ပိုင်းကို ထိခိုက်စေတဲ့ အင်တာဗျူး အဖြေများ ပါဝင်ခဲ့ခြင်းကြောင့် ပြီးခဲ့တဲ့တစ်ပတ် တင်္နလာနေ့က တရားဝင် notice  စာ ပေးပို့ခဲ့ပါတယ်။ အခု ဆိုရင် (နိုဝင်ဘာလ၂ ရက်နေ့) တော့ တရားဝင် notice  စာပေးပို့ခဲ့တာ တစ်ပတ်ကျော် သွားခဲ့ပြီ ဖြစ်ပါတယ်။ ရုပ်ရှင် အစည်း အရုံး ဥက္ကဋ္ဌ ဦးလူ မင်းပြောပြမှု အရတော့ အခုအချိန် အထိ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) ဘက်ကနေပြီး ဆက်သွယ် လာခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။

“ဘာလို့ notice  စာ ပို့ဖို့ အတွက် ရုပ်ရှင် အစည်းအရုံး အနေနဲ့ ဆုံးဖြတ် လိုက်ရတာလဲ ဆိုရင် ဒီတစ်ခါ ဂျာနယ် စာမျက်ထက် မှာ ပါဝင် လာတဲ့ ပြောဆိုရေးသား မှုဟာ တကယ် ကိုပဲ ရုပ်ရှင်ဥက္ကဋ္ဌ တစ်ယောက်ရဲ့သိက္ခာကို ထိခိုက် လာပါတယ်။ ရုပ်ရှင် အစည်းအရုံး ရဲ့ ဥက္ကဋ္ဌ ဆိုတာ ရုပ်ရှင် အစည်းအရုံးကြီး တစ်ခုလုံးကို ထိပါးတာလို့ပဲ အားလုံးက ခံယူတဲ့အတွက် ဒီလို ကိစ္စမျိုးကို ဥပဒေ ကြောင်း အရ ဖြေရှင်း ဖို့ အစည်း အဝေး ဆုံးဖြတ်ချက် နဲ့ ဆုံးဖြတ်ပြီးတော့ notice  စာပေးပို့ခဲ့တာပါ။ ရှေ့နေက နေတစ်ဆင့် ပို့ လိုက်တဲ့ notice စာမှာ ဆိုရင်လည်း အခု လိုပြောဆို ရေးသားခဲ့မှုတွေ အတွက် နောက်တစ်ပတ် အတွင်း ဝန်ခံတောင်းပန်ဖို့။ အကြောင်း ကြောင်းကြောင့် ဘယ်လို အကြောင်းကြောင့်ဖြစ်ဖြစ် တစ်ပတ် ကျော်လွန် သွားရင်တော့ မလွဲမရှောင်သာ ဥပဒေအရ ဆောင်ရွက် မယ်ဆိုပြီးတော့ ပို့ခဲ့ တာ ဖြစ်ပါတယ်။ အခုတော့ သတ်မှတ် ပေးထားတဲ့ တစ်ပတ်ဆိုတဲ့ သတ်မှတ်အချိန် တော့ ကျော်သွားပြီပေါ့။ ကျော်သွားပြီ ဆိုတော့ ဥပဒေ ကြောင်းအရ ဆက်သွားဖို့ ရှိပါတယ်”လို့ ၄င်းက ပြော ပါတယ်။

အခုလို အကြောင်းအရာတွေ ပြောဆို ရေးသားမှု တွေဟာ အခုမှ ခံလာရတာ မဟုတ်ပေမယ့်လည်း အဖွဲ့ အစည်း တစ်ခု အနေ နဲ့ မိမိတို့ ဘက်က အစစ အရာရာ သည်းခံပြီး သဘောထား ကြီးစွာ နဲ့ ဖြေရှင်းခဲ့တာမျိုး ချည်း သာ ရှိခဲ့ပေမယ့်လည်း အခု တစ်ခါ မှာတော့ ပြော ဆိုရေး သားမှုဟာ အဆင့် တစ်ခုကို ကျော်သွားခဲ့ပြီ လို့ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်းက ဆိုပါတယ်။

“ရုပ်ရှင် အစည်းအရုံးကြီး ဆိုတာ အစည်းအရုံး လို့ ပြောလိုက်တာနဲ့ လောကသားတွေ အားလုံးကို ကိုယ်စားပြုရမယ်။ ဘာလို့လဲ ဆိုတော့ ဒီလောကသားတွေ ကပဲ ရွေးချယ် တင်မြှောက်ထားတဲ့ လူတွေပဲမို့လိုပါ။ အဲ့ဒါကြောင့် ဒီ အစည်းအရုံးကြီး ကို ကာကွယ်ဖို့လည်း ကျွန်တော် တို့မှာ တာဝန်ရှိတယ်။ ဘာကြောင့်လဲ ဆိုရင် ခေတ်အဆက် ဆက်ရုပ်ရှင် အစည်းအရုံး သမိုင်းကြောင်းကို ကြည့်ခဲ့လို့ ရှိရင် တကယ်ကို သမိုင်းကြောင်း အစဉ်အလာ ကောင်းခဲ့တယ်။ ဒီကနေ့ခေတ် အချိန် အခါကျမှပဲ အစ်ကိုတို့ရဲ့ ရုပ်ရှင် အစည်းအရုံးကြီးဟာ ရစရာမရှိ အောင်ကို ကိုယ့်လောကသား အချင်းချင်းကပဲ ပြောဆိုပုတ်ခတ် ဝေဖန် သံတွေက အတိုင်းအထက် အလွန် တဖြည်း ဖြည်းဖြစ် လာတယ် ဆိုတော့ အစ်ကိုတို့ အနေနဲ့ ရုပ်ရှင် အစည်းအရုံးကြီး ရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ဖို့ တကယ်ကို လိုအပ်ပါတယ်။ အခုဟာက ထစ်ခနဲ ဆိုရင် ပြောဆို ဝေဖန်မှုက စည်းလွတ် ဘောင်လွတ် ပြောဆိုတာ သိပ်များလာ တဲ့အခါကျတော့ ရုပ်ရှင် အစည်းအရုံး ရဲ့ဂုဏ် သိက္ခာ ကိုကာကွယ်ဖို့မှာ လက်ရှိ ဥက္ကဋ္ဌ နဲ့အမှုဆောင် အဖွဲ့ဆီမှာ တာဝန် အပြည့်အဝ ရှိတယ်” လို့ ရုပ်ရှင် ဥက္ကဋ္ဌ ဦးလူမင်းက ဆိုပါတယ်။

သရုပ်ဆောင်ပိုင်းမှာ ပြောဆို ဝေဖန် ခံရတာနဲ့ ပတ်သက်ပြီး လို့ကတော့ မိမိကို ပြောချင်နေလို့ကို ရှာကြံပြီး ပြောတာ ဖြစ်တယ်လို့ ခံယူ ပြီး အခုလိုတွေ ခေါင်းစဉ်တပ် ပြောလာနေကြတာဟာ ဘယ်ဇာတ် ကားကို ပြောနေတာလဲ ဆိုတဲ့ အမေးကို ကိုယ် တိုင် ပြန်မေး ချင်ကြောင်း လည်း ၄င်းကဆို ပါတယ်။ “ဒီကိစ္စမှာလည်း အစ်ကို လိပ်ပြာသန့်စွာနဲ့ ပြောချင်ပါတယ်။ ဘယ်ဇာတ်ကား ကို ပြောတာလဲ လို့ ပြန်မေး ချင်တယ်။ ဘယ်ဇာတ်ကားကို ပြောတာလဲ ဆိုပြီး ပြန်ဖြေရှင်းချင်ပါတယ်။ သိမ်းကျုံးပြီး ပြောတဲ့ အခါကျတော့ အစ်ကိုသည် လည်း သရုပ်ဆောင် တစ်ယောက်ဖြစ်တယ်။ တစ်ခုတော့ ရှိတာပေါ့။ အစ် ကိုက ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌတစ်ယောက် ဖြစ် တယ်။ ဒါပေမဲ့ အစ်ကို ခံယူထားတာ ကတော့ အစ်ကို ရဲ့ မူလ လမ်းကြောင်းဖြစ်တဲ့ အနုပညာ လုပ်ငန်းကို တော့ လွှမ်းမိုး သက်ရောက်မှု မရှိစေရ ဆိုပြီးတော့ ကိုယ့်ကိုယ်ကိုယ် ခံယူထားတယ်။ သရုပ်ဆောင် အလုပ်မှာ ဇာတ်ကားထဲမှာ လူကြမ်း လုပ်ရင်လုပ်ရ မယ်။ လူယုတ် မာ လုပ်ရင် လုပ်ရမယ်။ လူသတ် ရင်လည်း သတ်ရမှာပဲလေ။ အစ်ကိုဟာ သရုပ် ဆောင် တစ်ယောက် ဖြစ်တယ်လေ။ အခုဟာကတော့ ရုပ်ရှင် ဥက္ကဋ္ဌနဲ့ သရုပ်ဆောင် ဆိုတဲ့နှစ်ခု ကိုရော ထွေးပြီးတော့ ပြစ်တင် ဝေဖန်လာတဲ့ သဘော ရှိတာပေါ့” လို့ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ဦးလူ မင်းက ပြောပြပေးပါတယ်။

ထက်လူ


LEAVE A REPLY

Please enter your comment!
Please enter your name here