မိခင်ဆုံးပါးသွားသည့် (၃)မွှာပူး ကလေးများအား ပဲခူး တိုင်း ဝန်ကြီးချူပ်မှ ထောက်ပံ့ငွေပေးအပ်ကာ ဖခင်ဖြစ်သူကို စည်ပင်တွင် အလုပ်ပေး

0
65

မိခင်ဆုံးပါးသွားသည့် (၃)မွှာပူး ကလေးများအား ပဲခူး တိုင်း ဝန်ကြီးချူပ်မှ ထောက်ပံ့ငွေပေးအပ်ကာ ဖခင်ဖြစ်သူကို စည်ပင်တွင် အလုပ်ပေး

ပဲခူးတိုင်းဒေသကြီး ၊ ကြို့ပင်ကောက်မြို့နယ်၊ ကျွန်းကုန်းကျေးရွာမှ မိခင်ဆုံးပါးသွားသည့် (၃) မွှာပူး ကလေးငယ်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ်က ထောက်ပံ့ငွေများ ပေးအပ်ကာ ဖခင်ဖြစ်သူအား အလုပ်ရှာပေးခဲ့ကြောင်း သိရသည်။

အဆိုပါ (၃) မွှာပူး ကလေးများမှာ ကြို့ပင်ကောက်မြို့ နယ်၊ ကျွန်းတောရွာတွင် ပြီးခဲ့သည့် ဇွန်လ (၁၁) ရက်က မွေးဖွားခဲ့သည့် မိန်းကလေးများ ဖြစ်ကာ မိခင်ဖြစ်သူမှာ ကလေးငယ်များ မွေးဖွားပြီး သေဆုံးသွားခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။

ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အဖွဲ့သည် ဇွန်လ (၁၉) ရက်က ကြို့ပင်ကောက်မြို့နယ် ပြည်သူ့ဆေးရုံသို့ သွား ရောက်ကာ ဆေးဝါးကုသမှု ခံယူနေသည့် အဆိုပါ ရက် သားအရွယ် (၃) မွှာပူး ကလေးငယ်များအား ကြည့်ရှုခဲ့ပြီး ထောက်ပံ့ငွေ (၉)သိန်းကျပ် ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကလေးငယ်များ၏ မိဘများမှာ ငွေကြေးချို့တဲ့သည့်အတွက် ကလေးငယ်များအား လူမှုဝန်ထမ်းဦးစီး ဌာနသို့ ယာယီပို့ဆောင်၍ ပြုစုပျိုးထောင်သွားမည်ဖြစ် ကြောင်း သိရသည်။

ထို့အပြင် ကလေးငယ်များ၏ ဖခင်ဖြစ်သူ ဦးချစ်စန်းကိုအား အလုပ်အကိုင်ရရှိစေရေး ဝန်ကြီးချုပ်၏ စီစဉ်ပေးမှုကြောင့် မြို့နယ်စည်ပင်သာယာရေး ဦးစီးဌာန၊ မြို့နယ်ရေပေးဝေရေး စက်ရုံတွင် ဝန်ထမ်းအဖြစ်ခန့်အပ်ရန် စီ စဉ်ထားကြောင်းလည်း သိရသည်။

လက်ရှိတွင် အဆိုပါ (၃)မွှာပူး ကလေးငယ်များအား စေ တနာရှင် အလှူရှင်များမှ ထောက်ပံ့ပေးအပ်ငွေ ကျပ်သိန်းလေးဆယ်ခန့်ရရှိပြီဖြစ်ပြီး ယင်းငွေများအား မြန်မာ့စီပွားရေးဘဏ်တွင် အပ်နှံကာ ကလေးငယ်များ၏ နောင်ရေးအတွက် သုံးစွဲသွားရန် စီစဉ်ထားကြောင်းလည်း သိရသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here