သရက်ချောင်းမြို့နယ်၌ ရပ်ကျေးအုပ်ချုပ်ရေးမှူးဟောင်းတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

0
102

သရက်ချောင်းမြို့နယ်၌ ရပ်ကျေးအုပ်ချုပ်ရေးမှူးဟောင်းတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

တနင်္သာရီတိုင်း၊သရက်ချောင်းမြို့နယ်၊ကနက်သီရိကျေးရွာတွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးဟောင်းဦးနိုင်မိုးသည် ဇွန် ၂၀ ရက်ညပိုင်းက သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရသည်ဟု သိရသည်။

ယင်းနေ့ည ၇ နာရီကျော်ခန့်က ရပ်ကျေးအုပ်ချုပ်ရေးမှူးဟောင်းဦးနိုင်မိုးအား အမည်မသိအမျိုး သားများက သေနတ်ဖြင့်လာရောက်ပစ်ခတ်ခဲ့ကြပြီး ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း သိရသည်။

သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ရပ်ကျေးအုပ် ချုပ်ရေးမှူးဟောင်း ဦးနိုင်မိုးသည် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

“သေနတ်သံတွေကြားလို့ ချက်ခြင်းထွက်မကြည့်ရဲသေးဘူး ခနလောင်စောင့်ပြီးထွက်စုံစမ်းကြည့်တော့မှ ဦးနိုင်မိုး သေနတ်နဲ့ပစ်ခံရတာကိုသိတာ သေသွားပါတယ်”ဟု ဒေသခံတစ်ဦးကပြော သည်။

အခင်းဖြစ်စဥ်မှ ပြစ်မှုကျူးလွန်သူများအား ဖမ်း ဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များမှ ပိတ် ဆို့စစ်ဆေးမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here