တာချီလိတ်မြို့နယ် ပန်စလီ-ဝမ်ကျောက်လုံသွားကားလမ်းဘေး ပေ ၄၀ ခန့်နက်သည့်ချောက်အတွင်း အမျိုးသမီးတစ်ဦး၏ရုပ်အလောင်းတွေ့

0
194

တာချီလိတ်မြို့နယ် ပန်စလီ-ဝမ်ကျောက်လုံသွားကားလမ်းဘေး ပေ ၄၀ ခန့်နက်သည့်ချောက်အတွင်း အမျိုးသမီးတစ်ဦး၏ရုပ်အလောင်းတွေ့

ရှမ်းပြည်နယ်၊တာချီလိတ်မြို့နယ်၊ဝမ်လုံးကျေး ရွာအုပ်စု၊ပန်စလိ-ပလောင်ကျေးရွာအနီးရှိ ပန်စလိ-ဝမ်ကျောက်လုံသွားကားလမ်းဘေး၌ ဇွန် ၂၀ ရက်မွန်းလွဲ ၁ နာရီခွဲခန့်က တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်းမှ သိရသည်။

ပန်စလိ-ဝမ်ကျောက်လုံသွားကားလမ်းဘေးရှိ ပေ ၄၀ ခန့်နက်သည့် ချောက်အတွင်း၌ အမည်မသိအမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိကြောင်းသတင်းအရ ရဲတပ်ဖွဲ့ဝင်များကသွား ရောက်စစ်ဆေးခဲ့ကြသည်။

ထိုသို့ စစ်ဆေးရာ အသက်(၄၀)နှစ်ကျော်ခန့်ရှိ အမည်၊နေရပ်လိပ်စာ(စုံစမ်းဆဲ)အမျိုးသမီး၏ ပုတ်ပွနေသည့် ရုပ်အလောင်းအားတွေ့ရှိခဲ့ရကြောင်း သိရသည်။

ရဲတပ်ဖွဲ့ဝင်များမှရုပ်အလောင်းအား စစ်ဆေးပြီးနောက် ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအ သင်းဝင်များမှ လမ်းမပေါ်သို့ခက်ခဲစွာသယ် ဆောင်ခဲ့ကြပြီး တာချီလိတ်မြို့ပြည်သူ့ဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ ပို့ဆောင်ခဲ့ပြီးနောက် ဆရာဝန်များ၏ ဆေးစစ်ချက်ရယူပြီးနောက် တာဝန်ရှိသူများ​၏ ခွင့်ပြု ချက်အရ ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်းဝင်များမှ ညနေပိုင်းတွင် မြို့မကျောက်တောင်သုသာန်၌ မီးသင်္ဂြိုလ်ပေးခဲ့ကြသည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here