ထိုင်းနိုင်ငံ ပရာ့ကျွပ်ခရိုင်ရှိ ကျေးရွာ ၂ ခုတွင် တ ရားမဝင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၉၀ ကျော်ဖမ်းဆီးခံရ ထိုင်းပွဲစားတစ်ဦးပါဖမ်းမိ

0
266

ထိုင်းနိုင်ငံ ပရာ့ကျွပ်ခရိုင်ရှိ ကျေးရွာ ၂ ခုတွင် တ ရားမဝင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၉၀ ကျော်ဖမ်းဆီးခံရ ထိုင်းပွဲစားတစ်ဦးပါဖမ်းမိ

ထိုင်းနိုင်ငံ၊ပရာ့ကျွပ်ခရိုင်၊ထပ်စကယ်မြို့နယ်နှင့်မောင်မြို့နယ်တို့ရှိ ကျေးရွာ ၂ ခုတွင် တရားမဝင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၉၂ ဦးအား ထိုင်းနိုင်ငံတာဝန်ရှိသူများက ဖမ်းဆီးရမိခဲ့ကာ ထိုင်းနိုင်ငံသားပွဲစားတစ်ဦးကိုပါ ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

ပရာ့ကျွပ်ခရိုင်၊ထပ်စကယ်မြို့နယ်နှင့်မောင်မြို့ နယ်တို့၏ ဟွေ့ဆိုင်ကျေးရွာ၊ဟွေ့ယမ်ကျေးရွာတို့တွင် တရားမဝင်ဝင်ရောက်လာသူများရှိနေကြောင်း သတင်းအရ ထိုင်းနိုင်ငံတာဝန်ရှိသူများက ဇွန် ၂၀ ရက်တွင် ရှာဖွေဖမ်းဆီးခဲ့ကြခြင်းဖြစ်သည်။

ဖမ်းဆီးရမိသူများမှ ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊စစ် ကိုင်းတိုင်းနှင့်ရခိုငိပြည်နယ်တို့မှ မြန်မာနိုင်ငံသား အမျိုးသား ၇၀ ဦးနှင့်အမျိုးသမီး ၂၂ တို့ဖြစ်ကာ ၎င်းတို့အားခေါ်ဆောင်လာသည့် ထိုင်းနိုင်ငံသားတစ်ဦးတို့ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံရသူများအား စစ်ဆေးချက်အရ ထိုင်းနိုင်ငံသို့ဝင်ရောက်ရန်နှင့်အလုပ်လုပ်ကိုင်နိုင်ရန် ပွဲစားများအား တစ်ဦစလျင်ထိုင်းဘတ်ငွေ ၂၅၀၀၀ မှ ၃၀၀၀၀ ခန့်အထိပေးချေခဲ့ရကြောင်း သိရသည်။

ထို့ကြောင့် ဖမ်းဆီးရမိသူများအား ထိုင်းနိုင်ငံတာ ဝန်ရှိသူများမှ ဥပဒေအရအရေးယူရန် သက်ဆိုင် ရာရဲစခန်းများသို့ ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here