မြစ်ကြီးနားတွင် Crown ကားမှ ဆိုင်ကယ် (၂)စီးနှင့် လမ်းဘေးရပ်နေသည့် အမျိုးသမီးကိုဝင်တိုက် ၊ အမျိုးသားတစ်ဦးသေဆုံး

0
211

မြစ်ကြီးနားတွင် Crown ကားမှ ဆိုင်ကယ် (၂)စီးနှင့် လမ်းဘေးရပ်နေသည့် အမျိုးသမီးကိုဝင်တိုက် ၊ အမျိုးသားတစ်ဦးသေဆုံး

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ စီတာပူ ရပ်ကွက်တွင် ယနေ့ ဇွန်လ (၂၁) ရက် နံနက်ပိုင်းက ယာဉ်တိုက်မှု တစ်ခု ဖြစ်ပွားခဲ့ပြီး အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း သိရသည်။

ယနေ့ နံနက် (၇) နာရီခွဲ ဝန်းကျင်က စီတာပူ ရပ်ကွက်၊ ကက်သလစ် ဘုရားကျောင်းအနီးတွင် Crown အဖြူရောင်ယာဉ်မှ မျက်နှာချင်းဆိုင်မှ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ် (၂) စီးကို ဝင်တိုက်ခဲ့ချင်းဖြစ် ကြောင်း သိရသည်။

ယင်းသို့ မော်တော်ဆိုင်ကယ် (၂) စီးအား တိုက်မိသည့်အပြင် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးတွင် ရပ်နေသည့် အမျိုးသမီး တစ်ဦးကိုပါ ဝင်တိုက်ခဲ့ကြောင်း သိရသည်။

” လမ်းချော်ပြီး စလစ်ဖြစ်တယ်နဲ့ တူပါတယ်။ ရှေ့တည့်တည့်က မောင်းလာတဲ့ ဆိုင်ကယ်တွေကို ဝင်တိုက်တယ်။ ပြီးတော့ လမ်းဘေးက မိန်းမတစ်ယောက်ကိုပါ ထပ်တိုက်တယ်။ ဆိုင်ကယ်မောင်းတဲ့ ကောင်လေး တစ်ယောက်တော့ သေသွားတယ်” ဟု စီတာပူ ရပ်ကွက်မှ ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်သူ (၂၀ ) အရွယ် အမျိုးသား တစ်ဦးသေဆုံးခဲ့ပြီး အမျိုးသမီး (၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အတွက် မြစ်ကြီးနား ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here