ဒဂုံအရှေ့ပိုင်းမြို့နယ်၌ လက်လုပ်မိုင်းပြုလုပ်စဥ်ပေါက်ကွဲမှုဖြစ်ပွား ၁ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရ

0
86

ဒဂုံအရှေ့ပိုင်းမြို့နယ်၌ လက်လုပ်မိုင်းပြုလုပ်စဥ်ပေါက်ကွဲမှုဖြစ်ပွား ၁ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရ

ရန်ကုန်တိုင်း၊ဒဂုံမြိူ့သစ်(အရှေ့ပိုင်း)မြို့နယ်၊အမှတ် ၁၂၅ ရပ်ကွက်တွင် ဇွန် ၂၁ ရက်ညပိုင်းက လက်လုပ်မိုင်းပြုလုပ်စဥ် ပေါက်ကွဲမှုဖြစ်ပွား၍ အမျိုးသား ၁ ဦးသေဆုံးကာ အမျိုးသား ၁ ဦးနှင့်အမျိုးသမီး ၁ ဦးတို့ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နစက မှထုတ်ပြန်ခဲ့သည်။

ယင်းနေ့ည ၈ နာရီ ၃၅ မိနစ်က အမှတ် ၁၂၅ ရပ် ကွက်ရှိ မောရဝတီလမ်းနှင့်မြခွာညိုလမ်းထောင့်ရှိ မရီရီကျော်(၃၅)နှစ်ပိုင် ၁၀ ပေခန့်ရှိ ဓနိမိုး/ထရံ ကာနေအိမ်၌ လက်လုပ်မိုင်းပြုလုပ်စဥ်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပေါက်ကွဲမှုကြောင့် အမှတ် ၁၂၆ ရပ်ကွက်နေ ကိုအောင်ကြီး(၄၀)နှစ်တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌သေဆုံးသွားခဲ့ပြီး မရီရီကျော်နှင့်အမှတ် ၁၂၁ ရပ်ကွက်နေ ကိုချက်ကြီး (၂၅)နှစ်တို့တွင်လည်း မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

အခင်းဖြစ်နေအိမ်အား လုံခြုံရေးအဖွဲ့ဝင်များက စစ်ဆေးရာ Keypad ဖုန်းအပိုင်းအစများ၊ PVC ပိုက်အပိုင်းအစများအား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်အားပူးပေါင်းပါဝင်သူများနှင့်ခိုင်းစေသူ များအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here