ဒဂုံမြောက်ပိုင်းမြို့နယ်၌ နေအိမ်နှင့်ကားပေါ်မှစိတ်ကြွဆေးပြား ၃ သိန်းပြားနီးပါးအား ဖမ်းဆီးရမိ

0
254

ဒဂုံမြောက်ပိုင်းမြို့နယ်၌ နေအိမ်နှင့်ကားပေါ်မှစိတ်ကြွဆေးပြား ၃ သိန်းပြားနီးပါးအား ဖမ်းဆီးရမိ

ရန်ကုန်တိုင်း၊ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ၄၅ ရပ်ကွက်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက ဇွန် ၂၁ ရက်နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ယင်းနေ့နံနက် ၁၁ နာရီ ၁၅ မိနစ်က မူးယစ်ဆေး ဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၀င်များပါ၀င်သည့် ပူးပေါင်းအဖွဲ့သည် သတင်းအရသက်သေများနှင့်အတူ ၄၅ ရပ်ကွက်တွင် မြင့်သိန်း(ခ)ဂနေ့(ခ)သားကြီး(၃၀)နှစ်မောင်းကာ အေးလှိုင်(ခ)စိုး၀င်း(၄၀) နှစ်လိုက်လာသည့် Toyota Corolla Fielder ကားအားတားဆီးစစ်ဆေးခဲ့ကြသည်။

ထိုသို့ စစ်ဆေးရာ၎င်းတို့ထံမှ စိတ်ကြွဆေးပြား ၁၀၀၀၀ ပြားအား ဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှ သိရသည်။

ထို့နောက် မွန်းလွဲ ၃ နာရီတွင် ၄၂ ရပ်ကွက်၊ပီမိုးနင်း ၃ လမ်းရှိ မြင့်သိန်း(ခ)ဂနေ့(ခ)သားကြီး ၏ နေအိမ်အားသွားရောက်ရှာဖွေရာ စိတ်ကြွဆေးပြား ၂၆၀၀၀၀ ပြားအား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် စိတ်ကြွဆေးပြား ၂၇၀၀၀၀ ပြားနှင့်အတူဖမ်းဆီးရမိခဲ့သူ ၂ ဦးအား ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥ ပဒေအရအရေးယူကာ ဆက်စပ်ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here