ပြည်ပတွင်အလုပ်လုပ်မည့်အမျိုးသမီးများ၏အသက်ကန့်သတ်ချက်ကိုသီရိလင်္ကာ ဖြေလျှော့

0
133

ပြည်ပတွင်အလုပ်လုပ်မည့်အမျိုးသမီးများ၏အသက်ကန့်သတ်ချက်ကိုသီရိလင်္ကာ ဖြေလျှော့

ကိုလံဘို၊ဇွန်၂၁
စီးပွားရေးချွတ်ခြုံကျနေသော သီရိလင်္ကာနိုင်ငံတွင် နိုင်ငံ၏စီးပွားရေးအခြေနေအရ ပြည်ပသို့သွားရောက်အလုပ်လုပ်ကိုင်မည့် အမျိုးသမီးများ၏အသက်ကန့်သတ်ချက်ကို ၂၁ နှစ်သို့ဖြေလျှော့ပေးလိုက်ပြီဖြစ်သည်။

၂၀၀၅ ခုနှစ်၌ ဆော်ဒီအာရေဗီယနိုင်ငံတွင် အသက် ၁၇ နှစ်အရွယ် သီရိလင်္ကာနိုင်ငံသူ ကလေးထိန်းက သူမစောင့်ရှောက်ရသည့်ကလေးအား သတ်သည်ဟူသောစွပ်စွဲချက်ဖြင့် ခေါင်းဖြတ်သတ်ခံစေရန် အမိန့်ချမှတ်ခံခဲ့ရသည်။ထိုအဖြစ်အပျက်ပြီးနောက်ပိုင်းတွင် သီရိလင်္ကာနိုင်ငံအစိုးရက ပြည်ပသို့သွားရောက်အလုပ်လုပ်ကိုင်မည့် အမျိုးသမီးများ၏အသက်ကိုကန့်သတ်ခဲ့ခြင်းဖြစ်သည်။

AFP ၏​ဖော်ပြချက်အရ အခြားနိုင်ငံများသို့သွားရောက်အလုပ်လုပ်ကိုင်လိုပါက အသက် ၂၃ နှစ်မှသာခွင့်ပြုထားပြီး ဆော်ဒီသို့သွား​ရောက်လုပ်ကိုင်လိုသူများကို အသက် ၂၅ ပြည့်မှသာသွားခွင့်ပြုထားသည်။လူဦးရေ ၂၂ သန်းရှိသောသီရိလင်္ကာတွင် လူ ၁ ဒသမ ၆ သန်းနီးပါးသည် နိုင်ငံရပ်ခြားတွင် အလုပ်လုပ်ကြပြီး အဓိကအားဖြင့် အရှေ့အလယ်ပိုင်းတွင် အလုပ်လုပ်ကြသည်။

“နိုင်ငံခြား အလုပ်အကိုင်အခွင့်အလမ်းများ တိုးမြင့်လာရန် လိုအပ်သဖြင့်းခုအခါ နိုင်ငံအားလုံးအတွက် အနိမ့်ဆုံးအသက်ကန့်သတ်ချက်ကို ၂၁ နှစ်အထိ လျှော့ချရန် ဝန်ကြီးများကအတည်ပြုလိုက်ပြီ” ဟု ပြောရေးဆိုခွင့်ရှိသူမစ္စတာ Bandula Gunawardana က ပြောသည်။

နိုင်ငံရပ်ခြားတွင် အလုပ်လုပ်ကိုင်နေသော သီရိလင်္ကာနိုင်ငံသားများထံမှ ငွေပြန်လွှဲခြင်းသည် နိုင်ငံခြားငွေအတွက် အဓိကရင်းမြစ်ဖြစ်ပြီး တစ်နှစ်လျှင် ခန့်မှန်းခြေ ဒေါ်လာ ၇ ဘီလီယံခန့် ရှိလာခဲ့သည်။

သို့သော် အဆိုပါပမာဏသည် ကိုဗစ်ကပ်ရောဂါကာလအတွင်း ၂၀၂၁ ခုနှစ်တွင်ဒေါ်လာ ၅ ဒသမ ၄ ဘီလီယံအထိ ကျဆင်းသွားခဲ့ပြီး စီးပွားရေးကျဆင်းမှုကြောင့် ယခုနှစ်တွင် ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံအထိ ကျဆင်းသွားဖွယ်ရှိသည်။

သီရိလင်္ကာအစိုးရသည် နိုင်ငံခြားအရန်ငွေနည်းပါးသောကြောင့် လောင်စာဆီ၊ အစားအစာ၊ ဆေးဝါးများကဲ့သို့သော လိုအပ်သောပစ္စည်းများ တင်သွင်းမှုကို ကန့်သတ်ထားရသည်။

Source – WionNews

 


LEAVE A REPLY

Please enter your comment!
Please enter your name here