လှည်းကူးမြို့မစျေးတွင် လူငယ် ၃ ဦးအား အမျိုးသားများမှ ငှက်ကြီးတောင်ဓားများဖြင့်ဝိုင်းခုတ်ခဲ့

0
301
လှည်းကူးမြို့မစျေးတွင် လူငယ် ၃ ဦးအား အမျိုးသားများမှ ငှက်ကြီးတောင်ဓားများဖြင့်ဝိုင်းခုတ်ခဲ့
ရန်ကုန်တိုင်း၊လှည်းကူးမြို့၊မြို့မစျေးတွင် လူငယ် ၃ ဦးအား အမည်မသိအမျိုးသားများမှ ဇွန် ၂၂ ရက်ညနေ ၅ နာရီခန့်က ငှက်ကြီးတောင်ဓားများဖြင့်ဝိုင်းခုတ်ခဲ့ကြသည်ဟု လှည်းကူးမြို့အခြေ စိုက်လူမှုကူညီရေးအသင်းများမှ သိရသည်။
အဆိုပါ လူငယ် ၃ ဦးသည် ပိတ်ထားသည့်ဆန်ဆိုင်တစ်ဆိုင်ရှေ့၌ စကားပြောနေစဥ် အမည်မသိအမျိုးသားများမှ ဆိုင်ကယ်များဖြင့်ရောက်ရှိလာကာ ငှက်ကြီးတောင်ဓားများဖြင့်ဝိုင်းခုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဓားခုတ်ခံရတဲ့ကောင်လေး ၃ ယောက်ကဆိုင်ကယ် ကယ်ရီမောင်းတဲ့ကောင်လေးတွေပါ ဘယ်လိုကြောင့်ခုတ်ခံရတယ်ဆိုတာတော့ မသိဘူးပေါ့ အဲဒီလိုဝိုင်းခုတ်တဲ့လူတွေက ခုတ်ပြီးတော့ထွက်မပြေးဘူး အေးအေးဆေးဆေးဆိုင်ကယ်မောင်းထွက်သွားကြတာ အားလုံးပေါင်းဆို ၁၁ ယောက်လောက်ရှိတယ်”ဟုလူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။
ထိုသို့ ဓားဖြင့်ခုတ်ခံရမှုကြောင့် လူငယ် ၃ ဦးလုံးတွင် စိုးရိမ်ရ ဒဏ်ရာများရရှိခဲ့သဖြင့် လှည်းကူးမြို့ပြည်သူ့ဆေးရုံသို့ ဆေးကုသမှုခံယူရန်ပို့ ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
” ၃ ယောက်လုံးကို လှည်းကူးဆေးရုံပို့လိုက်တယ် ဒါပေမယ့် ၁ ယောက်က ဓားဒဏ်ရာတော်တော်ပြင်းတာကြောင့် မြောက်ဥက္ကလာပဆေးရုံကိုထပ်ပို့ပေးထားရတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here