အင်ဒိုသမ္မတ ရုရှားနှင့်ယူကရိန်းသို့သွားမည်

0
247

အင်ဒိုသမ္မတ ရုရှားနှင့်ယူကရိန်းသို့သွားမည်

အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုသည် ယခုလကုန်ပိုင်းတွင် ယူကရိန်းနှင့်ရုရှားနိုင်ငံသို့သွား​ရောက်၍နှစ်နိုင်ငံခေါင်းဆောင်များနှင့် တွေ့ဆုံ မည်ဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ဗုဒ္ဓဟူးနေ့တွင်အတည်ပြုပြောကြားခဲ့သည်။

ဂျိုကိုဝီသည် ဇွန်လ ၂၆ ရက်မှ ၂၇ ရက်အထိ ဂျာမနီနိုင်ငံ၌ ကျင်းပမည့် ခုနစ်နိုင်ငံ ထိပ်သီးအစည်းအဝေးကို တက်ရောက်ပြီးနောက်မော်စကိုတွင် ရုရှားသမ္မတဗလာဒီမာပူတင်နဲ့ တွေ့ဆုံပြီး ယူကရိန်းသမ္မတနှင့်တွေ့ဆုံရန်အတွက် ကိဗ်မြို့ကိုလည်းသွားမယ်လို့ နိုင်ငံခြားရေး ဝန်ကြီး Retno Marsudi ကပြောသည်။

အင်ဒိုနီးရှားသည် ယခုနှစ်တွင် G – 20 ၏ ဥက္ကဌရာထူးကို ရယူထားပြီး ထိုအဖွဲ့၏ ထိပ်သီးအစည်းအဝေးကို နိုဝင်ဘာလတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်သည်။

အဆက်မပြတ်ဖြစ်ပွားနေသော ပဋိပက္ခများကြားတွင် သမ္မတဂျိုကိုဝီသည် အဆိုပါနိုင်ငံနှစ်ခုသို့ လာရောက်သည့် ပထမဆုံးသော အာရှခေါင်းဆောင် ဖြစ်လာလိမ့်မည်ဟု Marsudi ကအွန်လိုင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ထိုခရီးစဉ်အတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာများ၊ စားနပ်ရိက္ခာဆိုင်ရာ အကျပ်အတည်းများကို ကိုင်တွယ်ဖြေရှင်းရန်နှင့် ငြိမ်းချမ်းရေးအတွက် ဂျိုကိုဝီက တောင်းဆိုမည်ဖြစ်သည်။

နိုဝင်ဘာလ၌ အင်ဒိုနီးရှားနိုင်ငံက ဘာလီကျွန်းတွင်ကျင်းပမည့် G-20 ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် သမ္မတဇီလန်းစကီးနှင့် သမ္မတပူတင်တို့ကို ဧပြီလက ဖိတ်ကြားခဲ့သည်။

အနောက်နိုင်ငံခေါင်းဆောင်အချို့က ထိုအစည်း​ဝေးတွင်ရုရှားပါဝင်မှုကို ဆန့်ကျင်မည်ဟုဆိုသော်လည်း ဇီလန်းစကီးကထိပ်သီးအစည်းအဝေးကို အွန်လိုင်းမှသာတက်ရောက်မည်ဟု ​မေလတုန်းကပြောကြားထားသည်။

G-20 ထိပ်သီးအစည်းအဝေးတွင် ရုရှားနိုင်ငံမှ “သေချာပေါက်” ပါဝင်မည်ဖြစ်ကြောင်းရုရှသတင်းဌာနTassကဆိုသည်။

Kremlin သတင်းရင်းမြစ်ကို ကိုးကား၍ ရုရှားနိုင်ငံပိုင် Tass သတင်းအေဂျင်စီက သမ္မတဂျိုကိုဝီသည် ဇွန်လ ၃၀ ရက်နေ့တွင် မော်စကိုသို့သွားရောက်မည်ဖြစ်ကြောင်းထုတ်ပြန်ထားသည်။

Source – Nikkei Asia


LEAVE A REPLY

Please enter your comment!
Please enter your name here