ပူတာအိုမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရပ်ကွက်အတွင်း၌ မြေသားပြိုကျမှုများဖြစ်ပေါ်

0
120

ပူတာအိုမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရပ်ကွက်အတွင်း၌ မြေသားပြိုကျမှုများဖြစ်ပေါ်

ကချင်ပြည်နယ်၊ပူတာအိုမြို့နှင့်အနီးတဝိုက်တွင် ယခုရက်ပိုင်းအတွင်း၌ မိုးအဆက်မပြတ်ရွာသွန်းမှုများဖြစ်ပေါ်လျက်ရှိကြောင်း မြန်မာနိုင်ငံမီး သတ်တပ်ဖွဲ့ဌာနချုပ်နှင့်ပူတာအိုမြို့အခြေစိုက်လူမှုကူညီရေးအသင်းများမှ သိရသည်။

ထိုသို့ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြို့မရပ်ကွက်(၁)အပိုင်၊မြို့မရပ်ကွက်(၁)သို့သွားသည့် လမ်းပေါ်တွင် မြေပြိုမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

“လမ်းပေါ်မှာမြေပြိုတော့သွားရလာရတာအရမ်းခက်နေတယ်ဆိုပြီး အသင်းကိုဖုန်းဆက်လို့ ကျွန်တော်တို့သွားပြီး မီးသတ်တပ်ဖွဲ့တွေနဲ့အတူ ရှင်းလင်းပေးနေပါတယ်”ဟု ပူတာအိုမြို့နယ်အခြေစိုက်လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

အဆိုပါ မြေပြိုကျမှုများအား ပူတာအိုမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းများက ဝိုင်းဝန်းဖယ်ရှားပေးလျက်ရှိကြောင်း သိရသည်။

“အခုလိုမြေပြိုကျတာက နှစ်တိုင်းကြုံတွေ့နေရတယ်လို့ အဲဒီရပ်ကွက်ကလူတွေကပြောတယ် နောက်ပြီး လမ်းကလည်းကျောက်ခင်းလမ်းအနေနဲ့ပဲရှိသေးတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here