ငလျင်ဒဏ်သင့် အာဖဂန်ပြည်သူများအတွက် အိန္ဒိယမှပစ္စည်းများလှူဒါန်းပေးပို့မည်

0
130

ငလျင်ဒဏ်သင့် အာဖဂန်ပြည်သူများအတွက် အိန္ဒိယမှပစ္စည်းများလှူဒါန်းပေးပို့မည်

အိန္ဒိယနိုင်ငံသည် အာဖဂန်၌လှုပ်ခတ်ခဲ့သည့်ငလျင်ကြောင့် ဘေးသင့်ပြည်သူများအတွက် မကြာမီအကူအညီများ ပေးပို့မည်ဖြစ်သည်။

အာဖဂန်နစ္စတန်တွင် ယခုပတ်အစောပိုင်းက ပြင်းအား ၆.၁ အဆင့်ရှိငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီး လူပေါင်း ၁၀၀၀ ကျော်သေဆုံးကာအများအပြားဒဏ်ရာရရှိခဲ့ကြသည်။

နယူးဒေလီသည် အာဖဂန်နစ္စတန်ရှိ တာလီဘန်အစိုးရကို အသိအမှတ်မပြုသော်လည်း အိန္ဒိယအစိုးရအဖွဲ့တစ်ဖွဲ့သည် လွန်ခဲ့သော သုံးပတ်က ကဘူးလ်သို့သွားရောက်ခဲ့သည်။ အဆိုပါခရီးစဉ်သည် ပြီးခဲ့သည့်သြဂုတ်လက တာလီဘန်တို့သိမ်းပိုက်ပြီးနောက် အိန္ဒိယအစိုးရအဖွဲ့၏ ပထမဆုံးလာရောက်ခြင်းဖြစ်သည်။ထိုသို့သွားရောက်ရခြင်းအကြောင်းသည်အာဖဂန်နစ္စတန်သို့ အိန္ဒိယ၏လူသားချင်းစာနာထောက်ထားမှုအကူအညီကို ကြီးကြပ်ရန်နှင့် အိန္ဒိယအခြေခံအဆောက်အအုံဆိုင်ရာ အစီအစဉ်များကိုအဓိကအာရုံစိုက်ရန်ဖြစ်သည်။

ယမန်နှစ်သြဂုတ်လမှစတင်၍ အိန္ဒိယနိုင်ငံသည် ဂျုံတန်ချိန် ၅၀,၀၀၀ ကိုအာဖဂန်သို့ထောက်ပံ့ရန်ကတိပြုထားသည့် အနက်မှတန်ချိန် ၁၇,၀၀၀ ကိုလည်းကောင်း၊ Covaxin ကိုဗစ်ကာကွယ်ဆေးအလုံးရေ ၅၀၀,၀၀၀ ကိုလည်းကောင်း၊အသက်ကယ်ဆေး ၁၃ တန်နှင့်ဆောင်းရာသီအဝတ်အထည်များအပြင် ပိုလီယိုကာကွယ်ဆေး သန်း ၆၀ ကိုလည်း ထောက်ပံ့ပေးခဲ့သည်။

အိန္ဒိယသည် အာဖဂန်ပါလီမန်နှင့် အိန္ဒိယ-အာဖဂန် ချစ်ကြည်ရေး ရေကာတာတို့ကို အနောက်ပိုင်း Herat ပြည်နယ်တွင် တည်ဆောက်ခဲ့သည်။ထို့အပြင် နိုင်ငံ၏ ပြည်နယ် ၃၁ ခုတွင် သက်ရောက်မှု မြင့်မားသော ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း ၁၁၆ ခုကိုလည်း ဆောင်ရွက်ခဲ့ကြသည်။

ဗုဒ္ဓဟူးနေ့တွင် အိန္ဒိယ၀န်ကြီးချုပ် Narendra Modi နှင့် နိုင်ငံခြားရေးရာဝန်ကြီးဌာနတို့ကငလျင်​ဘေးအတွက်ဝမ်းနည်းကြောင်း ထပ်လောင်းပြောကြားခဲ့ကြသည်။ထို့ပြင် ဝန်ကြီးချုပ် မိုဒီက တွစ်တာတွင် ” အာဖဂန်တို့ခုလိုခက်ခဲသောအခြေအနေများတွင်အိန္ဒိယက အာဖဂန်နစ္စတန်ပြည်သူများဘက်မှ ရပ်တည်​နေပါတယ်” ဟု ပြောကြားခဲ့သည်။

Source – WionNews


LEAVE A REPLY

Please enter your comment!
Please enter your name here