ဦးဝင်းမြင့်အားတရားစွဲဆိုထားသည့် ရွေးကောက် ပွဲမလျော်သြဇာသုံးမှုအတွက် ရုံးထုတ်စစ်ဆေးခဲ့

0
139

ဦးဝင်းမြင့်အားတရားစွဲဆိုထားသည့် ရွေးကောက် ပွဲမလျော်သြဇာသုံးမှုအတွက် ရုံးထုတ်စစ်ဆေးခဲ့

ဒေါ်အောင်ဆန်းစုကြည်၊ဦးဝင်းမြင့်နှင့်ဦးမင်းသူတို့အား တရားစွဲဆိုထားသည့် ရွေးကောက်ပွဲမလျော်သြဇာသုံးမှုအတွက် ဇွန် ၂၄ ရက်(ယနေ့)တွင် နေပြည်တော်အချုပ်ထောင်တွင်းအထူးတရားရုံး၌ ရုံးထုတ်စစ်ဆေးခဲ့သည်ဟု ရှေ့နေအသိုင်းအဝိုင်းမှ သိရသည်။

ထိုသို့ စစ်ဆေးရာတွင် ဦးဝင်းမြင့်အား နေအိမ်အကျယ်ချုပ်မှတဆင့် အချုပ်ထောင်တွင်းအထူးတရားရုံးသို့ခေါ်ဆောင်လာကာ စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ရာဇသတ်ကြီးပုဒ်မ-၁၃၀(က)အတွက် ဒီနေ့မှာ UEC ညွှန်ကြားရေးမှူးချုပ်ဦးရဲရင့်လွင်ကို ပြန်ခေါ်သက်သေအဖြစ်စစ်ဆေးခဲ့တယ်လို့ သိရတယ် နောက်ရုံးချိန်းကြရင်တော့ ဒေါ်အောင်ဆန်းစုကြည်၊ဦးဝင်းမြင့်နဲ့ဦးမင်းသူတို့ကိုစစ်မယ်လို့ သိရတယ်”ဟုတရားရုံနှင့်နီးစပ်သည့်အသိုင်းအဝိုင်းသည်။

အဆိုပါ ရွေးကောက်ပွဲမလျော်သြဇာသုံးမှုဖြင့်တရားစွဲဆိုခံထားရသည့်အမှုအား UEC ညွှန်ကြားရေးမှူးဦးအောင်မျိုးလွင်မှ တရားလိုပြုလုပ်၍ တရားစွဲဆိုထားခြင်းဖြစ်ကြောင်း သိရသည်၊


LEAVE A REPLY

Please enter your comment!
Please enter your name here