မြေမြှပ်မိုင်းကြောင့် လေးလအတွင်း သေဆုံးဒဏ်ရာရသူ ကလေးငယ် ၄၇ ဦးအထိရှိလာဟု Unicef ထုတ်ပြန်

0
140

မြေမြှပ်မိုင်းကြောင့် လေးလအတွင်း သေဆုံးဒဏ်ရာရသူ ကလေးငယ် ၄၇ ဦးအထိရှိလာဟု Unicef ထုတ်ပြန်

မြန်မာနိုင်ငံတွင် မြေမြှပ်မိုင်းကြောင့် ယခု ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ဧပြီလ လေးလတာကာလအတွင်းသေဆုံး ဒဏ်ရာရသူ ကလေးငယ်ပေါင်း ၄၇ ဦးအထိ ရှိလာပြီဖြစ်ကြောင်း ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရံပုံငွေအဖွဲ့ (UNICEF)က ယမန်နေ့က ထုတ်ပြန်ထားသည်။

လက်ရှိအချိန်အထိ မြေမြှုပ်မိုင်းနှင့် မပေါက်ကွဲသေးသော စစ်လက်နက်ပစ္စည်းများ (UXO) ကြောင့် ကလေးသူငယ်ပေါင်း ၁၁၅ အထိသေဆုံးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ထို့ကြာင့် မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းနှင့် မပေါက်ကွဲသေးသော စစ်လက်နက်ပစ္စည်းများ (UXO) ကြောင့် သေဆုံးဒဏ်ရာရရှိသူများ၏ သုံးပုံတစ်ပုံကျော်မှာ ကလေးငယ်များဖြစ်ကြောင်း ဆိုသည်။

၂၀၂၂ ခုနှစ် ပထမ ၅ လအတွင်း ယူနီဆက်နှင့် မိတ်ဖက်အဖွဲ့အစည်းများအနေဖြင့် မြန်မာနိုင်ငံရှိ ကလေးငယ် ဦးရေ ၂၀,၀၀၀ အား ပေါက်ကွဲစေတတ်သောလက်နက်များအန္တရာယ် အသိပညာပေးမှုများ ပြုလုပ်ပေးနိုင်ခဲ့ကြောင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ကြောင့် Unicef အနေဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံးအား ထိခိုက်နစ်နာသူများအတွက် အကူအညီများ လွယ်ကူချောမွေ့စွာ ပေးနိုင်ရန်၊ မြေမြှုပ်မိုင်းအသုံးပြုမှုများ ရပ်တန့်ရန်နှင့် ရှိနှင့်ပြီးသော မြေမြှုပ်မိုင်းနှင့် မပေါက်ကွဲသေးသော စစ်လက်နက်ပစ္စည်းများ (UXO) များကို ရှင်းလင်းကြပါရန် မေတ္တာရပ်ခံ တိုက်တွန်းကြောင်း ထုတ်ပြန်ထားသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here