မိုင်းဖုန်းဆရာတော်ကြီး၏ ပုံတူကြေးရုပ်တုတော်အား ဇွန် ၂၆ ရက်(မနက်ဖြန်)တွင် မန္တလေးမြို့မှပင့်ဆောင်မည်

0
201

မိုင်းဖုန်းဆရာတော်ကြီး၏ ပုံတူကြေးရုပ်တုတော်အား ဇွန် ၂၆ ရက်(မနက်ဖြန်)တွင် မန္တလေးမြို့မှပင့်ဆောင်မည်

မိုင်းဖုန်းဆရာတော်ကြီး သဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တဥာဏသံဝရ ၏ပုံတူကြေးရုပ်တုတော်အား မန္တလေးမြို့မှတဆင့် မိုင်းကျက်သို့ ဇွန် ၂၆ ရက်(မနက်ဖြန်)တွင်စတင်ပင့်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

မိုင်းဖုန်းဆရာတော်ကြီးသည် မိုင်းကျက်ဂူအတွင်း ၌ ၃ နှစ်၊ ၃ လ၊ ၃ ရက် အဓိဌာန်ဝင်တရားကျင့်ကြံနေရာမှ ဇူလိုင် ၃၁ ရက်တွင် အဓိဌာန်ပြီးဆုံးအောင်မြင်မှုအထိမ်းအမှတ်အဖြစ် ဆရာတော်ကြီး၏ ပုံတူကြေးရုပ်တုတော်အား မိုင်းကျက်ဂူ၌ စိုက်ထူထားမည်ဖြစ်သည်။

“မန္တလေးကနေတန့်ယန်းကိုပင့်လာပြီး တန့်ယန်းမှၾာတစ်ညအိပ်ပါမယ် နောက်ရက်မှာ ရုပ်တုတော်ထားမယ့် မိုင်းကျက်ဂူအထိဆက်လက်ပင့်ဆောင်လာမှာပါ ကြေးနီရုပ်တုတော်ပါ ကုန်ကျငွေက ကျပ်သိန်း ၁၀၀ ကျော်လောက်ရှိပါတယ် တောင်ကြီးကအလှူရှင်မိသားစုက တစ်ဦးတည်းလှူဒါန်းတာပါ”ဟု မိုင်းဖုန်းဆရာတော်ကြီး၏ တပြည့်သာ ဝကတစ်ဦးဖြစ်သည့် ကိုစိုင်းတာဦးကပြောသည်။

မိုင်းဖုန်းဆရာတော်ကြီး၏ ပုံတူကြေးရုပ်တုတော် သည် အမြင့် ၈ ပေရှိကာ တောင်တန်းသာသနာ ပြုဆရာတော်ဦးသုခမိန္ဒ(စဝ်ဆုခမ်း တန့်ယန်း)မှကြပ်မတ်၍ တောင်ကြီးမြို့နေ ဦးစိုင်းဆုဝါရိန် +ဒေါ်နန်းဆိုင်ခမ်းမိသားစုမှ လှူဒါန်းခြင်းဖြစ် ကြောင်း သိရသည်။

အဆိုပါ ဆရာတော်ကြီး၏ ပုံတူကြေးရုပ်တုတော်အား မန္တလေးမြို့၊ပြည့်ဝ ဦးလှမြင့်​၏သားဖြစ်သူ ကိုအောင်အောင်မှ မြန်မာ့ကြေးသွန်းပညာဖြင့် သွန်းလောင်းပူဇော်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် မိုင်းဖုန်းဆရာတော်ကြီး၏ ပုံတူကြေးရုပ်တုတော်အား မန္တလေးမြို့မှတဆင့် မိုင်းကျက်ဂူအထိ ကိုစိုးမိုးအောင်+မနန်းလောဝ် မိသားစုမှတာဝန်ယူပင့်ဆောင်သွားမည်ဖြစ်ကာ မိုင်းကျက်ဂူတွင်ထားရှိမည့် ရုပ်တုတော်တင်ရန် အခြေအုတ်ခုံအား တန့်ယန်းမြို့နေ ကိုစိုင်းသား မိသားစုမှလှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here