မြောက်ကိုရီးယားအရေး ဆွေးနွေးရန် တောင်ကိုရီးယားသို့ သွားမည့် အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ယယ်လင်

0
58

မြောက်ကိုရီးယားအရေး ဆွေးနွေးရန် တောင်ကိုရီးယားသို့ သွားမည့် အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ယယ်လင်

ဝါရှင်တန်၊ ဇွန် ၂၅ ရက်

အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ဂျနက် ယယ်လင်သည် ဇူလိုင်တွင် တောင်ကိုရီးယားသို့ သွားရောက်မည်ဖြစ်ကာ ငွေကြေးဖောင်းပွမှု၊ ရုရှားအပေါ် ပိတ်ဆို့အရေးယူမှု၊ မြောက်ကိုရီးယားအား ၎င်း၏ နျူကလီးယား အစီအစဉ်များနှင့်ပတ်သက်၍ ပိတ်ဆို့အရေးယူမှုများပြုလုပ်ရန်အတွက် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ၎င်းကိစ္စနှင့် နီးစပ်ရာသတင်းရင်းမြစ်များမှ ပြောကြားခဲ့သည်။

ယယ်လင်သည် အာရှ၏ အဓိကစီးပွားရေးနိုင်ငံ ၂၀ မှ ဘဏ္ဍာရေးအရာရှိများ၏ အစည်းအဝေးသို့ တက်ရောက်စဉ် အာရှနိုင်ငံ ခရီးစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် တောင်ကိုရီးယား ထိပ်တန်းအရာရှိများနှင့် တွေ့ဆုံသွားမည်ဖြစ်သည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် သည် ထိပ်တန်းစစ်ဘက်အရာရှိများနှင့် သုံးရက်ကြာအစည်းအဝေးအပြီး ကြာသပတေးနေ့တွင် ကာကွယ်ရေးစွမ်းရည်ကို မြှင့်တင်ရန် အမိန့်ပေးခဲ့သဖြင့် ပြုံးယမ်းသည် ၎င်း၏လက်နက်တိုက်တွင် နည်းဗျူဟာမြောက် နျူကလီးယားလက်နက်များ ပေါင်းထည့်လာနိုင်သည်ဟု တောင်ကိုရီးယားအရာရှိများက ထင်ကြေးများပေးခဲ့သည်။

အသေးစိတ်အချက်အလက်များကို အတည်မပြုနိုင်သေးသော်လည်း ယယ်လင်သည် တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ပတ်ဂျင်နှင့် ဘဏ္ဍာရေးဝန်ကြီး ချူးကျောင်ဟို တို့ကိုတွေ့ဆုံကာ မြောက်ကိုရီးယား၏ ငါးနှစ်အတွင်း ပထမဆုံးအကြိမ်ပြုလုပ်နိုင်သည့် နျူကလီးယားစမ်းသပ်မှု အစီအစဉ်နှင့် ပတ်သက်၍ ဆွေးနွေးသွားနိုင်ကြောင်း ခန့်မှန်းရသည်။

အဆိုပါ ဆိုးလ်သို့သွားရောက်မည့် ခရီးစဉ်အတွင်း ယယ်လင်သည် ယူကရိန်းစစ်ပွဲနှင့် ပတ်သက်၍ ရုရှားအပေါ် ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများ ထိရောက်မှု ရှိရန်ဆွေးနွေးဖို့ စီစဉ်ထားကြောင်း သတင်းအရင်းအမြစ်တစ်ခုမှ သိရသည်။​

​မြောက်ကိုးရီးယား၏ဘဏ္ဍာ​ရေးစနစ်သည် ကမ္ဘာလုံးဆိုင်ရာစနစ်နှင့် မဆက်စပ်သဖြင့် ၄င်းအ​ပေါ် အ​​နောက်နိုင်ငံများ၏ပိတ်ဆို့အ​ရေးယူမူမှာ မထိ​ရောက်​ပေ။

အ​မေရိကန်နှင့် ​တောင်ကိုးရီးယားနှစ်နိုင်ငံစလုံးသည် ငွေးကြေးဖောင်းပွမှုနှုန်းကို လျှော့ချရာတွင် ရုန်းကန်နေရပြီး ၄င်းတို့ ပြည်သူများကမ​ကျေနပ်ဖြစ်​နေသောကြောင့် ထိုအစည်းအဝေးပွဲ၌ ဆွေးနွေးမည့် စီးပွားရေးဆိုင်ရာ အခန်းကဏ္ဍ များသည် အလွန်အရေးပါမည်ဖြစ်ကြောင်း သိရသည်။

Source: Reuters

 


LEAVE A REPLY

Please enter your comment!
Please enter your name here