ငွေကြေးပိုမိုကောက်ခံခြင်းအပါအဝင် စည်းကမ်းဖောက်ဖျက်သည့် YBS ယာဥ် ၁၀၀ ကျော် အရေးယူထားဆဲ

0
59

ငွေကြေးပိုမိုကောက်ခံခြင်းအပါအဝင် စည်းကမ်းဖောက်ဖျက်သည့် YBS ယာဥ် ၁၀၀ ကျော် အရေးယူထားဆဲ

ရန်ကုန်မြို့တွင်းပြေးဆွဲနေသော YBSခရီးသည်တင်ယာဥ်များအနေဖြင့်ငွေကြေးပိုမိုကောက်ခံခြင်းအပါအဝင် သတ်မှတ်စည်းကမ်းများမလိုက်နာခြင်းအတွက် ယာဥ်အစီးရေ ၁၀၀ ကျော်ကိုယနေ့အချိန်အထိ အရေးယူထားဆဲဖြစ်ကြောင်းYRTC တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က Popular News သို့ပြောသည်။

အရေးယူထားဆဲ ယာဥ်စီးရေ ၁၀၀ ကျော်သည် ယခင်က စည်းကမ်းဖောက်ဖျက်မှုအတွက် အရေးယူထားသည့် ယာဥ်စီးရေ ၅၀၀ ကျော်အနက် ကျန်ရှိနေသေးသော ယာဥ်များဖြစ်သည်ဟုဆိုသည်။

လက်ရှိတွင်ကိုဗစ်၁၉ ကူးစက်မြန်ရောဂါပြန်လည်ကျဆင်းခဲ့ပြီဖြစ်သဖြင့် YBSယာဥ်များအား အဲယားကွန်းဖွင့်မောင်းနှင်းစေခြင်း၊ ယာဥ်အကူ လိုက်ပါ၍ ငွေကြေးကောက်ခံခွင့်မပြုခြင်းနှင့် သတ်မှတ်နှုန်းထက်ယာဥ်စီးခကောက်ခံခြင်းများမရှိစေရန် ညွှန်ကြားထားပြီးဖြစ်ကြောင်းသိရသည်။

ထို့အပြင် အခြားသောသတ်မှတ်စည်းကမ်းများ ဖြစ်သော(မှတ်တိုင်လူအတက်/အဆင်းပြီးလျှင် မောင်းထွက်စနစ်၊ ခရီးသည် အပေါ် ရည်မွန်စွာဆက်ဆံပြောဆိုခြင်း၊ အမှိုက်ပုံးများထားရှိခြင်း)စသည့် စည်းကမ်းချက်များကိုလည်း သတ်မှတ်ပေးထားပြီးဖြစ်ကြောင်း သိရသည်။

” အခုစည်းကမ်းဖောက်ဖျက်တဲ့ ယာဥ်တွေကို အရေးယူထားတဲ့ အစီးရေ ၅၀၀ ကျော်မှာ ၁၀၀ ကျော်ကျန်နေသေးတယ်။ စည်းကမ်းဖောက်ဖျက်မှုအလိုက် CNGပေးမထုတ်တာတွေ ၊ သုံးလ ၊ခြောက်လ ၊ တစ်နှစ် ပြေးဆွဲခွင့်ပိတ်တာတွေလုပ်ပါတယ်။ ယာဥ်စီခကိုအများဆုံးခရီးစဥ်အလိုက် ၄၀၀ကျပ်ထက်ပိုမကောက်ခိုင်းထားပါဘူး။ ကျပ်၅၀၀ ကနေ အထက်ကောက်ခံလို့တိုင်ကြားမှုရှိလာရင် အရေးယူဆောင်ရွက်သွားမယ်လို့ညွှန်ကြားထားပြီးသားပါ။”ဟု ဆိုသည်။

YBS ခရီးသည်တင်ယာဥ်များနှင့်ပတ်သက်၍ ဇွန် ၂၈ ရက်နေ့ မွန်းလွဲ၁နာရီအချိန်တွင် ပုံမှန်အစည်းအဝေးနှင့်သတင်းစာရှင်းလင်းပွဲတစ်ခုပြုလုပ်ရန်ရှိသည်ဟု ဆိုသည်။

YRTC အနေဖြင့် ရန်ကုန်မြို့တွင်း YBS ယာဉ်လိုင်းပေါင်း ၁၁၅ လိုင်း ကို ကုမ္ပဏီပေါင်း ၂၀က ယာဥ်စီးရေ ၃၀၀၀ ကျော်ဖြင့် နေ့စဥ် ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here