မိုးညှင်းတွင် ဆယ်ကျော်သက် လူငယ်တစ်ဦးကို ဓါးဖြင့်ခုတ်သတ်ကာ ဆိုင်ကယ်လုယူမှုဖြစ်ပွား

0
158

မိုးညှင်းတွင် ဆယ်ကျော်သက် လူငယ်တစ်ဦးကို ဓါးဖြင့်ခုတ်သတ်ကာ ဆိုင်ကယ်လုယူမှုဖြစ်ပွား

ကချင်ပြည်နယ် ၊ မိုးညှင်းမြို့တွင် ဆယ်ကျော်သက်အ ရွယ် အမျိုးသားတစ်ဦးအား ဓားဖြင့်ခုတ်ကာ ဆိုယ်ကယ် လုယူမှု တစ်ခု ယနေ့ ဇွန်လ (၂၆) ရက် နံနက်ပိုင်းတွင် ဖြစ် ပွားခဲ့ကြောင်း သိရသည်။

ဓားဖြင့် ခုတ်ခံရသူမှာ အသက် (၁၆) နှစ်အရွယ် အမျိုး သားတစ်ဦးဖြစ်ပြီး ယနေ့ နံနက်ပိုင်းက မိုးညှင်းမြို့ မြို့ရှောင်လမ်းအနီးတွင် ၎င်း၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ပြစ်မှုကျူးလွန်သူများသည် သေဆုံးသူအား ဆိုင်ကယ် ကယ်ရီငှားရမ်း ပို့ဆောင်ခိုင်းကာ ဓားဖြင့် ခုတ်သတ်ပြီး ဆိုင်ကယ်ကို လုယူသွားခြင်း ဖြစ်ကြောင်းသိရသည်။

” ရွှေသာလျောင်း အနောက်ဘက်က လမ်းကြားမှာ ဖြစ်တာပါ။ ကယ်ရီငှားစီးပြီး သတ်သွားကြတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဖြစ်စဉ်ဖြစ်ပွားသည့် နေရာမှာ မိုးညှင်းမြို့ အင်းဖိုအင်းမကန်အနီး၊ ရွှေသာလျောင်း ဗုဒ္ဓရုပ်ပွါးတော် အနောက်ဘက် လမ်းကြားတွင် ဖြစ်ကြောင်းသိရသည်။

သေဆုံးသူ လူငယ်သည် မိုးညှင်းမြို့၊ အောင်သပြေ (၁) ရပ်ကွက်တွင်နေထိုင်သည့် မောင်နောင်ရင်ထွေး (ခ) အိနောင်ဆိုသူဖြစ်ပြီး မျက်နှာ၊ လည်ပင်းနှင့် လက်များတွင် ဓားဒဏ်ရာ များ ဖြင့် သေဆုံးနေခြင်း ဖြစ်ကြောင်း သိရသည်။

> Daw Thet Wai:
🖼 Photo


LEAVE A REPLY

Please enter your comment!
Please enter your name here