ချမ်းအေးသာစံမြို့နယ်ရှိ KBZ ဘဏ်ခွဲ(၉) အား ဓားပြတိုက်ခဲ့သူ ၆ ဦးအား ဖမ်းဆီးရမိဟု နစက ထုတ်ပြန်

0
113

ချမ်းအေးသာစံမြို့နယ်ရှိ KBZ ဘဏ်ခွဲ(၉) အား ဓားပြတိုက်ခဲ့သူ ၆ ဦးအား ဖမ်းဆီးရမိဟု နစက ထုတ်ပြန်

မန္တလေးတိုင်း၊ချမ်းအေးသာစံမြို့နယ်၊ပြည်ကြီးမျက်မှန်ရပ်ကွက်၊ ၂၆ လမ်း၊ ၆၂ လမ်းနှင့် ၆၃ လမ်းကြားရှိ KBZ ဘဏ်ခွဲ(၉)မှ ဘဏ်ဝန်ထမ်းများအား သေနတ်ပြခြိမ်းခြောက်၍ ငွေကျပ် ၄၄၉ သိန်းအား ဓားပြတိုက်ယူဆောင်သွားခဲ့သူများနှင့်ပူးပေါင်းပါဝင်သူ ၆ ဦးအား ဖမ်းဆီးရမိခဲ့သည်ဟု နစက မှထုတ်ပြန်ခဲ့သည်။

နစက ၏လုံခြုံရေးအဖွဲ့ဝင်များမှ KBZ ဘဏ်ခွဲ (၉)အား ဓားပြတိုက်ခဲ့သူများကို ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ရာ ဇွန် ၂၂ ရက်တွင် ပြစ်မှုကျူးလွန်သူများဖြစ်သည့် ကောင်းခန့်နောင်၊သန်းထွန်းဇော်၊မျိုးမင်းသန့်၊ပပလင်း၊သဉ္ဇာလင်းနှင့်လဲ့လဲ့ဝေတို့အား ညောင်ဦးမြို့၊သာယာဝတီရပ်၊အမှတ်(၁)ရပ်ကွက်၌ ဖမ်း ဆီးရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသူ ၆ ဦးသည် ရတနာပုံတော် လှန်ရေးအမည်ခံ အဖွဲ့ဝင်များဖြစ်ကြောင်း လုံခြုံ ရေးအဖွဲ့ဝင်များက စစ်ဆေးသိရှိခဲ့ရသည်။

အဆိုပါ အဖွဲ့၏ခေါင်းဆောင်ဖြစ်သည့် ဆရာစွမ်း(ခ)ထက်ရှိုင်းဇော်သည် ဓားပြတိုက်မှုဖြစ်စဥ်ပြီးနောက် ညောင်ဦးမြို့သို့ထွက်ပြေးတိမ်းရှောင်နေရာမှ မန္တလေးမြို့သို့ပြန်လည်ရောက်ရှိနေကြောင်း သတင်းအရ ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက ဆောင်ရွက်ခဲ့ကြသည်။

ထို့ကြောင့် ဇွန် ၂၅ ရက်တွင် မဟာအောင်မြေမြို့ နယ်၊ ၈၄ လမ်း၊ ၃၅ လမ်းနှင့် ၃၆ လမ်းကြားရှိ Lotteria ကြက်ကြော်ဆိုင်၌ ဆရာစွမ်း(ခ)ထက်ရှိုင်းဇော်အား လုံခြုံရေးအဖွဲ့ဝင်များက တွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ကြသည်။

ထိုသို့ ဖမ်းဆီးစဥ် လုံခြုံရေးအဖွဲ့ဝင်များအား သေ နတ်ဖြင့်ပစ်ခတ်၍ထွက်ပြေးခဲ့သဖြင့် လုံခြုံရေးအ ဖွဲ့ဝင်များက ပစ်ခတ်ဖမ်းဆီးရာ ဆရာစွမ်း(ခ)ထက်ရှိုင်းဇော်အား Glock အမျိုးအစား ပစ္စတို ၁ လက်၊၎င်းကျည်အိမ်၂ ခု၊ ၉ မမ ကျည် ၁၉ တောင့်တို့နှင့်အတူ အသေဖမ်းဆီးရမိခဲ့သည်ဟု နစက မှထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် ဖမ်းဆီးရမိသူများအား ဥပဒေအရထိရောက်စွာအရေးယူရန် လုံခြုံရေးအဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here