တိုင်းနှင့်ပြည်နယ်များ၌ ပတ်ဝန်းကျင်ရေရှည်ကောင်းမွန်သည့် Green and Clean Cities များအ ဖြစ်တိုးမြှင့်ဆောင်ရွက်ရန် အလေးထားဆောင် ရွက်ရမည်ဟု နစက ဥက္ကဋ္ဌကမှာကြား

0
212

တိုင်းနှင့်ပြည်နယ်များ၌ ပတ်ဝန်းကျင်ရေရှည်ကောင်းမွန်သည့် Green and Clean Cities များအ ဖြစ်တိုးမြှင့်ဆောင်ရွက်ရန် အလေးထားဆောင် ရွက်ရမည်ဟု နစက ဥက္ကဋ္ဌကမှာကြား

နစက ဥက္ကဋ္ဌမှ ဇွန် ၂၆ ရက်နံနက် ၇ နာရီခွဲကပြုလုပ်သည့် နေပြည်တော်၊ဒက္ခိဏခရိုင်၊ဒက္ခိဏသီရိမြို့နယ်၊မာရဝိဇယဘုရားသွားလမ်းဖြစ်သည့် စံပယ်လမ်း၌ပြုလုပ်သည့် ၂၀၂၂ ခုနှစ်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။

“မြို့ပြလူဦးရေထူထပ်လာတာ စက်မှုလုပ်ငန်းတိုးချဲ့လာတာတွေကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုကိုကာကွယ်နိုင်ဖို့ လမ်းဘေးဝဲယာမှာ သစ်တောတွေ စိမ်းလန်းမြေ(Green Spaces)တွေ ဥယျာဉ်တွေ ပန်းခြံတွေပါတဲ့ မြို့ပြသစ်တော(Urban Forests)တွေ စိုက်ပျိုးထိန်းသိမ်းတာကို အထူး အလေးပေးဆောင်ရွက်လာကြတာတွေ့ရပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ပြင် မြို့ပြသစ်တောများစိုက်ပျိုးထိန်းသိမ်းခြင်းမှ ပြည်သူလူထုစိတ်ပျော်ရွှင်ကျန်းမာရေးအတွက် စိမ်းလန်းစိုပြေသည့် အပန်းဖြေနားနေရာများတိုးပွားလာခြင်း၊မြို့ပြ၏ ရေသံသရာစက် ဝန်းအား ထိန်းညှိပေးနိုင်ကာ မြေအောက်ရေထိန်းသိမ်းပေးခြင်းဖြင့် ကောင်းမွန်သည့် သောက်သုံးရေရရှိစေနိုင်မည်ဟု ပြောသည်။

 

အလားတူ ခရီးသွားများနှင့်စီးပွားရေးလုပ်ငန်းများအတွက် စိတ်ချမ်းမြေ့သည့် ပတ်ဝန်းကျင်အားဖန်တီးပေးနိုင်ခြင်း၊ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ်များလျှော့ချပေးနိုင်ခြင်း၊ လေထုညစ်ညမ်းမှုမှကာကွယ်ပေးနိုင်ခြင်း၊မြေဆီ လွှာကောင်းမွန်ပြီး မြေယာရှုခင်းများထိရောက်စွာထိန်းသိမ်းနိုင်ခြင်းကြောင့် ကမ္ဘာ့သက်ရှိများတည်မြဲရေး(Life on Land)အား အထောက်အကူပြုသည့် အကျိုးကျေးဇူးများ ရရှိစေနိုင်မည်ဟု နစက ဥက္ကဋ္ဌကပြောသည်။

“နေပြည်တော်အတွင်းမှာ မြို့ပြသစ်တောစိုက်ပျိုး ထိန်းသိမ်းရေးလုပ်ငန်းတွေကို ၂၀၀၆-၂၀၀၇ ခုနှစ်တွေကစပြီး ထိထိရောက်ရောက်ဆောင်ရွက်ခဲ့တာကြောင့် စိမ်းလန်းစိုပြေတဲ့ ပတ်ဝန်းကျင်ကို ပိုင်ဆိုင်ပြီး နွေရာသီမှာ အပူချိန်လျော့နည်းခဲ့သလို သမမျှတတဲ့ ရာသီဥတုကိုလည်း ရရှိခဲ့တာကြောင့် စိမ်းလန်းပြီးသန့်ရှင်းတဲ့ မြို့ပြတစ်ရပ်တည်ထောင်နိုင်ခဲ့ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ကြောင့် နေပြည်တော်အား Green and Clean City အဖြစ် ရှေရှည်တည်ထောင်နိုင်ရန်နှင့်အခြားတိုင်းနှင့်ပြည်နယ်များတွင်လည်း ပတ်ဝန်းကျင်ရေရှည်ကောင်းမွန်သည့် Green and Clean Cities များအဖြစ်တိုးမြှင့်ဆောင်ရွက်နိုင်ရန် အလေးထားဆောင်ရွက်ရမည်ဟု နစက ဥက္ကဋ္ဌကမှာကြားသည်။

“အစိုးရအနေနဲ့ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးလှုပ်ရှားမှု(Green Campaing)တွေကို မြှင့်တင် ဆောင်ရွက်ပေးနေရာမှာ ကျောင်းသား၊ကျောင်း သူ လူငယ်မျိုးဆက်သစ်တွေကို ပူးပေါင်းပါဝင်စေခြင်းဟာ အနာဂတ်မျိုးဆက်သစ်တွေဟာ သစ်ပင်သစ်တောတွေနဲ့ ပိုမိုစိမ်းလန်းစိုပြေပြီး ကျန်းမာပျော်ရွှင်ဖွယ်ကောင်းတဲ့ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုး တက်နေတဲ့ သန့်ရှင်းကောင်းမွန်တဲ့ပတ်ဝန်းကျင်နဲ့ဂေဟစနစ်တွေကို ထိန်းသိမ်းနိုင်ဖို့က အရေးကြီးတယ်ဆိုတဲ့ အသိစိတ်ရရှိစေမှာဖြစ်သလို သဘာဝပတ်ဝန်းကျင်ကို စိမ်းလန်စိုပြည် သာယာလှပဖို့ လူငယ်တွေကလည်းပါဝင်ပြီး ကြိုးပမ်းဆောင် ရွက်ကြရပါမယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here