တို့ဆေးသုံးကာ ငွေနှင့် ပစ္စည်းလိမ်လည်သည့် အဖွဲ့ တစ်ဖွဲ့ကို ရှမ်းမြောက် တန့်ယန်းတွင် ဖမ်းမိ

0
289

တို့ဆေးသုံးကာ ငွေနှင့် ပစ္စည်းလိမ်လည်သည့် အဖွဲ့ တစ်ဖွဲ့ကို ရှမ်းမြောက် တန့်ယန်းတွင် ဖမ်းမိ

ရှမ်းပြည်နယ် မြောက်ပိုင်း၊ တန်ယန်းမြို့တွင် တို့ဆေးသုံးကာ လူထုကိုလိုက်လံ လိမ်လည်နေသည့် အမျိုးသားနှင့် အမျိုးသမီး (၁၇) ဦးပါ အဖွဲ့အား ဖမ်း ဆီးရမိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ အဖွဲ့အား တန်ယန်းမြို့၊ ဟွေကုန်ကျေးရွာတွင် ဇွန်လ (၂၄) ရက်က ဒေသခံလူထုနှင့် ဒေသအာဏာပိုင်တွေက ဝိုင်းဝန်းဖမ်းဆီးခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

” ရဲရယ်၊ ပြည်သူ့စစ်ရယ်၊ ပြည်သူရယ် ဝိုင်းဖမ်းလိုက်တာပါ ။ လုပ်တုန်းက လုပ်ပြီးတော့ မိတော့မှ ရှက်သလို ကြောက်သလို လုပ်နေကြတာ” ဟု ဖမ်း ဆီးစဉ်ပါဝင်ခဲ့သည့် ဒေသခံ လူငယ်တစ်ဦးက ပြောသည်။

အဆိုပါ အဖွဲ့သည် ရပ်ကွက်များအတွင်း လှည့်လည်ကာ ဖုန်းအဟောင်းများ ၊ ငွေစက္ကူ အဟောင်းများ ဝယ်ယူသည့် ပုံဖြင့်သော်လည်းကောင်း ၊ ထီလက် မှတ် များ လိုက်လံရောင်းချသည့် ပုံစံမျိုး အသုံးချကာ ဒေသခံတိုင်းရင်းသားများထံ လိမ်လည်မှု ကျူးလွန်ကြခြင်းဖြစ်ကြောင်း ဒေသခံ သတင်း ရင်းမြစ်များထံမှ သိရသည်။

” တို့ဆေးသမားတွေလေ။ မြို့ကြီးတွေမှာ လုပ်စားမချောင်တော့လို့ နယ်ဘက်တွေ ဆင်းပြီး လိုက်လိမ်နေတာ။ အရင်က ကြားဖူးနားဝပဲရှိတာ ။ အခုတော့ တကယ်မိပြီလေ ” ဟု ဒေသခံ လူငယ်က ထပ်ပြောသည်။

လက်ရှိတွင် အဆိုပါ အမျိုးသားနှင့် အမျိုးသမီး (၁၇) ဦးပါ အဖွဲ့ကို သက်ဆိုင်ရာသို့ အပ်နှံကာ ဥပဒေကြောင်းအရ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

ရှမ်းပြည်မြောက်ပိုင်း လားရှိူးမြို့နယ်နှင့် သီပေါမြို့ နယ်တို့တွင်လည်း အလားတူ ဖြစ်စဉ်မျိုး ဖြစ်ပွားခဲ့ဖူးပြီး အဆိုပါ အုပ်စုဖွဲ့ လိမ်လည်သည့် ဂိုဏ်းများအား အမြစ်ပြတ်ဖမ်းဆီးနိုင်ခြင်း မရှိပါက အခြားဒေသများမှ ပြည်သူများလည်း ခံရမည်ကြောင်း ဒေသခံများက သုံးသတ်ပြောဆိုကြသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here