G7 အစည်း​ဝေး ဂျာမဏီတွင်ကျင်းပ​

0
149

G7 အစည်း​ဝေး ဂျာမဏီတွင်ကျင်းပ​

G7 ထိပ်သီးအစည်းအဝေးကို Bavaria၊ Schloss Elmau တွင် ဇွန် ၂၆ ရက်မှ ၂၈ ရက်အထိ ကျင်းပ​နေပြီဖြစ်သည်။ ဂျာမဏီ၏အဓိပတိOlaf Scholz က အစည်းအဝေးသို့တက်​ရောက်လာ​သောနိုင်ငံ့ခေါင်းဆောင်အသီးသီးကိုကြိုဆိုခဲ့သည်။G7 တွင်ပါဝင်​သော နိုင်ငံများမှာ က​နေဒါ၊ပြင်သစ်၊ဂျာမဏီ၊အီတလီ၊ဂျပန်၊ဗြိတိန်၊အ​မေရိကန် တို့ဖြစ်သည်။

G7 ထိပ်သီးစည်းဝေးပွဲသည် တိုးတက်မှု၊ သာယာဝပြောရေး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့ကိုတွန်းအားပေးရန်အတွက် စည်းလုံးညီညွတ်မှုပြနိုင်သည့်အခွင့်အရေးတစ်ခုဖြစ်သည်ဟုအဖွဲ့ဝင်နိုင်ငံများက မှတ်ယူကြသည်။

ယူကရိန်းအ​ပေါ်စစ်ပွဲ​ကြောင့်သက်ရောက်​နေမှုများကို လျော့ပါးသက်သာစေရန် လိုအပ်​နေ​သောစည်းလုံးညီညွတ်မှုနှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်မှုများလုပ်​ဆောင်သွားမည်ဟုသိရသည်။

EU နှင့် G7 တို့သည် တူညီသော ရည်မှန်းချက်များဖြင့် ၄င်းတို့၏ စီးပွားရေးနှင့် မိတ်ဖက်များကို ကာကွယ်ရင်း ရုရှား၏ စစ်ယန္တရားများကို တားဆီးသွားမည်ဟုဆိုသည်။

ထိပ်သီးစည်းဝေးပွဲမစမီ ဥရောပသမဂ္ဂ အရာရှိတစ်ဦးက ” G7 ရဲ့အဓိကအာဘော်ကတော့ စည်းလုံးညီညွတ်မှုနဲ့ ညှိနှိုင်း ဆောင်ရွက်မှုတွေပဲဖြစ်ပါတယ်” ဟု​ပြောခဲ့သည်။

Ref: consilium.europa.eu


LEAVE A REPLY

Please enter your comment!
Please enter your name here