မသင်္ကာမှုဖြင့် ဖမ်းဆီးခဲ့သည့် SAE တစ်ဦးနှင့် အရပ်သား တစ်ဦးကို AA ကပြန်လွှတ်ပေး

0
116

မသင်္ကာမှုဖြင့် ဖမ်းဆီးခဲ့သည့် SAE တစ်ဦးနှင့် အရပ်သား တစ်ဦးကို AA ကပြန်လွှတ်ပေး

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် ဖမ်းဆီးခံရသည့် အမျိုးသား (၂) ဦးကို လိုအပ်သည့်စစ်ဆေး‌မေးမြန်းမှုများ ပြုလုပ်ပြီး၍ ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်း ဇွန်လ (၂၆) ရက် ညပိုင်းတွင် ရခိုင့်တပ်တော် (AA) က ထုတ်ပြန်သည်။

ရခိုင်ပြည်နယ်၊ စက်မှုကြီးကြပ်စစ်ဆီးရီးဦးစီးဌာနမှ အရာရှိ SAE ဦးဆန်းလင်းအောင် (၄၅) နှစ်နှင့် ရသေ့တောင်မြိုက ကျူရှင်ဆရာ ဦးဇော်ဟိန်းထွန်း (၃၈) နှစ်ဦးကို ရသေ့တောင်မြို့နယ် ကူတောင်ကျေး ရွာသို့ ရောက်ရှိနေစဉ် မသင်္ကာမှုဖြင့် AA မှ ဇွန်လ (၂၄) ရက်နေ့တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ဦးဆန်းလင်းအောင်သည် ဌာနတာဝန်များ ထမ်းဆောင်ရန် ရသေ့တောင်မြို့သို့ ရောက်ရှိနေသည်မှာ (၆) နှစ်ခန့် ရှိပြီဖြစ်ပြီး တာဝန် ပြီးဆုံး၍ စစ်တွေသို့ ပြန်ရန် သူငယ်ချင်းဖြစ်သူ၏ လမ်းပြကူညီမှုဖြင့် ထွက်ခွာလာစဉ် ကူတောင်ရွာ၌ AA ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။

ဦးဆန်းလင်းအောင်၏ နိုင်ငံသား စိစစ်ရေးကတ်တွင် အမှတ်(၃၇၃) အမြောက်တပ် လိပ်စာဖြစ်နေပြီး ၊ ရခိုင်စကား ကျွမ်းကျင်စွာ မပြောတတ်သည့်အပေါ် မသင်္ကာ၍ ခေါ်ယူ စစ်ဆေးခြင်းဖြစ်ကြောင်း ရခိုင့်တပ်တော် AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

လက်ရှိတွင် ၎င်းတို့ ခေါ်ယူ စစ်ဆေးနေသည့် ဦးဆန်းလင်းအောင်(၃၈ နှစ်)နှင့် ရသေ့တောင်မြို့ခံ ကျူရှင်ဆရာ ဦးဇော်ဟိန်းထွန်း (၃၈ နှစ်)တို့အား လိုအပ်သည့် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ပြီး တပ်မတော်နှင့် ဆက်နွယ်ခြင်း မရှိကြောင်း စစ်ဆေးပေါ်ပေါက်သည့်အတွက် ကောင်းမွန်စွာ ပြန်လည် လွှတ်ပေးလိုက်ပြီဟုလည်း ယင်းထုတ်ပြန်ချက်အရသိရသည်။

၎င်းတို့ (၂) ဦးအား (၂၆) ရက်နေ့ ည (၃) နာရီ အချိန်တွင် ရသေ့တောင်မြိုနယ်၊ မူစဲကျွန်း၊ ငလပြားကူး တိုဆိပ်ကမ်းသို့ ကောင်းမွန်စွာ ပြန်လည်ပိုဆောင်‌ေပးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ရသေ့တောင်မြို့ခံ ကျူရှင်ဆရာ ဦးဇော်ဟိန်းထွန်းသည် ရသေ့တောင်မြို့ရှိ နေအိမ်သို့ ပြန် လည်ရောက်ရှိနေပြီ ဖြစ်သလို ဦးဆန်းလင်းအောင် သည်လည်း စစ်တွေမြို့သို့ ပြန်လည် ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here