ထိုင်းရေပိုင်နက်အတွင်း ငါးပို့လှေနစ်မြုတ်ပြီး ရေထဲမျောနေသည့် မြန်မာနိုင်ငံသား ၂ ဦးအား ထိုင်းတပ်မတော်ကယ်တင်၍ ကော့သောင်းမြို့သို့ပြန်လည်ပို့ဆောင်ပေးခဲ့

0
168

ထိုင်းရေပိုင်နက်အတွင်း ငါးပို့လှေနစ်မြုတ်ပြီး ရေထဲမျောနေသည့် မြန်မာနိုင်ငံသား ၂ ဦးအား ထိုင်းတပ်မတော်ကယ်တင်၍ ကော့သောင်းမြို့သို့ပြန်လည်ပို့ဆောင်ပေးခဲ့

မြန်မာနိုင်ငံ၊ကော့သောင်းမြို့ဘက်မှတဆင့် ထိုင်းနိုင်ငံသို့ ငါးပို့လာသည့် ငါးပို့လှေတစ်စီးသည် ထိုင်းရေပိုင်နက်အတွင်း၌ ဇွန် ၂၆ ရက်နေ့လည်ပိုင်းက နစ်မြုပ်ခဲ့သည်ဟု သိရသည်။

မြန်မာငါးပို့လှေသည် ရနောင်းခရိုင်၊ရနောင်းမြို့သို့ ကော့သောင်းဘက်မှတဆင့် ငါးလာပို့ချိန်၌ ထိုင်းရေပိုင်နက်ဖြစ်သည့် Phi Island ဖီးကျွန်းအနီးတွင် လေပြင်းတိုက်ခတ်မှုကြောင့် တိမ်းမှောက်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ တိမ်းမှောက်ရာမှ မြန်မာနိုင်ငံသား ၂ ဦးသည် ရေထဲ၌မျောပါပြီး အကူအညီတောင်းခံနေသဖြင့် ထိုင်းတပ်မတော်မှ ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ဆီကိုသတင်းဝင်လာတဲ့အချိန်မှာ မြန်မာနိုင်ငံသား ၂ ယောက်ကိုကယ်ဆယ်ပြီးနေပါပြီ ကျွန်တော်တို့ဘက်ကလည်း သူတို့အတွက်လိုအပ်တဲ့အကူအညီတွေပေးနိုင်အောင် ဆက်သွယ်လုပ်ဆောင်နေပါတယ်”ဟု ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများအရေးကူညီဆောင်ရွက်ပေးနေသူတစ်ဦးကပြောသည်။

လက်ရှိအချိန်၌ ကယ်ဆယ်ထားသည့် မြန်မာနိုင်ငံသား ၂ ဦးအား ထိုင်းတပ်မတော်မှ မြန်မာသံရုံးနှင့်ချိတ်ဆက်၍ လိုအပ်ချက်များအား ကူညီဆောင် ရွက်ပေးလျက်ရှိကြောင်း သိရသည်။

“ကျွန်တော်တို့ဆီကိုသတင်းဝင်လာတဲ့အချိန်မှာ မြန်မာနိုင်ငံသား ၂ ယောက်ကိုကယ်ဆယ်ပြီးနေပါပြီ အခုသိရသလောက်တော့ ထိုင်းတပ်မတော်က သူတို့နှစ်ယောက်ကို ကော့သောင်းပြန်ပို့ပေးပြီးပြီလို့ သိရတယ်”ဟု ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများအရေးကူညီဆောင်ရွက်ပေးနေသူတစ်ဦးကပြောသည်

ကယ်ဆယ်ထားသည့် မြန်မာနိုင်ငံသား ၂ ဦးအား ထိုင်းတပ်မတော်မှ ကူညီကယ်ဆယ်မှုများပြုလုပ်ပေးခဲ့ပြီးနောက် မြန်မာသံရုံးနှင့်ချိတ်ဆက်ဆောင်ရွက်ကာ ကော့သောင်းမြို့သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here