စစ်ဘက်ဆိုင်ရာတက္ကသိုလ်များ၌ တက်ရောက်မည့် ဗိုလ်လောင်းများ၏ အသက်ကန့်သတ်ချက်အား ၆ လတိုးမြှင့်သတ်မှတ်ဟု နစက ထုတ်ပြန်

0
427

စစ်ဘက်ဆိုင်ရာတက္ကသိုလ်များ၌ တက်ရောက်မည့် ဗိုလ်လောင်းများ၏ အသက်ကန့်သတ်ချက်အား ၆ လတိုးမြှင့်သတ်မှတ်ဟု နစက ထုတ်ပြန်

စစ်ဘက်ဆိုင်ရာတက္ကသိုလ်များဖြစ်သည့် စစ်တ က္ကသိုလ်၊တပ်မတော်နည်းပညာတက္ကသိုလ်၊တပ်မ တော်ဆေးတက္ကသိုလ်နှင့်တပ်မတော်ဆေးတက္က သိုလ်(အမျိုးသမီး)ဗိုလ်လောင်းများ၏ အသက်ကန့်သတ်ချက်အား ၆ လတိုးမြှင့်သတ်မှတ်သည်ဟု ဇွန် ၂၇ ရက်(ယနေ့)တွင် နစက ၏သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ခဲ့သည်။

ထိုသို့ တိုးမြှင့်သတ်မှတ်ရခြင်းမှာ မိဘပြည်သူ များ၏ မေတ္တာရပ်ခံချက်အရဖြစ်ပြီး ဗိုလ်လောင်းများ၏ အသက်ကန့်သတ်ချက်သည် ယခင်က ၂၀၂၃ ခုနှစ်၊ဇန်နဝါရီ ၁ ရက်တွင် အသက် ၁၆ နှစ်အောက်မငယ်ရ၊ ၁၈ နှစ်ထက်မကြီးရဟု သတ် မှတ်ထားသည်ဟု သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ သတ်မှတ်ထားသည့် အသက်ကန့်သတ်ချက်အား ၂၀၂၃ ခုနှစ်၊ဇန်နဝါရီ ၁ ရက်တွင် အ သက် ၁၆ နှစ်အောက်မငယ်ရ၊ ၁၈ နှစ် ၆ လ ထက်မကြီးရ ဟုအသက်ကန့်သတ်ချက်အား ၆ လ တိုးမြှင့်ပြင်ဆင်သတ်မှတ်သည်ဟု ထုတ်ပြန်ချက်၌ ရေးသားထားသည်။

အဆိုပါ အသက်ကန့်သတ်ချက် ၆ လတိုးမြှင့်မှုအား မိဘပြည်သူများနှင့်ဗိုလ်လောင်းဝင်ခွင့်လျှောက်ထားလိုသူများသိရှိစေရန် နစက ၏သ တင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



LEAVE A REPLY

Please enter your comment!
Please enter your name here