ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့၌ဖြစ်ပွားခဲ့သည့် မီး လောင်မှုဖြစ်စဥ်တွင် မြန်မာနိုင်ငံသား ၁ ဦးအပါ အဝင် ၂ ဦးသေဆုံးခဲ့

0
225

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့၌ဖြစ်ပွားခဲ့သည့် မီး လောင်မှုဖြစ်စဥ်တွင် မြန်မာနိုင်ငံသား ၁ ဦးအပါ အဝင် ၂ ဦးသေဆုံးခဲ့

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့လယ်ရှိ တရုတ်တန်းရှိ စီဖိန်းစျေးအနီးတွင် ဇွန် ၂၆ ရက်နံနက်ပိုင်းကဖြစ် ပွားခဲ့သည့် မီးလောင်မှုဖြစ်စဥ်၌ မြန်မာနိုင်ငံသားတစ်ဦးအပါအဝင် ၂ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ် ရာရရှိသူများလည်းအများအပြားရှိခဲ့ကြောင်း သိရသည်။

ယင်းနေ့နံနက် ၁၁ နာရီခွဲခန့်က စီဖိန်းလမ်းဆုံအနီးရှိ ထရန်စဖော်မာမီးအားမြှင့်စက်မှတဆင့် စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကာ တိုက်ခန်းတွဲအချို့အား မီးကူးစက်၍ တိုက်ခန်း ၆ ခန်း၊ကားများနှင့်ဆိုင်ကယ်များမှာ ပျက်ဆီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

“သေဆုံးသွားတဲ့ မြန်မာနိုင်ငံသားက ပလပ်စတစ်ပစ္စည်းအရောင်းဆိုင်မှာအလုပ်လုပ်နေတဲ့ အ သက်(၃၄)နှစ်လောက်ရှိတဲ့ အမျိုးသားတစ်ယောက်ပါ နောက်တစ်ယောက်ကတော့ ထိုင်းအမျိုးသမီးကြီးတစ်ယောက်ပါ အသက်ကတော့ ၅၂ နှစ်လောက်ရှိပြီ ငွေလက်ခံကောင်တာကဝန် ထမ်းပါ”ဟု ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများအရေးကူညီဆောင်ရွက်ပေးနေသူတစ်ဦးကပြောသည်။

အဆိုပါ သေဆုံးသွားသည့် မြန်မာနိုင်ငံသားနှင့်ထိုင်းနိုင်ငံသူတို့သည် မီးလောင်မှုဖြစ်ပွားစဥ်က ဆိုင်အပြင်ဘက်သို့မထွက်နိုင်သဖြင့် သေဆုံးခဲ့ခြင်းဖြစ်နိုင်ကြောင်း ထိုင်းနိုင်ငံတာဝန်ရှိသူများက သုံးသပ်ထားသည်။

“ကျွန်တော်တို့နိုင်ငံသားအတွက် ရသင့်ရထိုက်တဲ့ နစ်နာကြေးရဖို့တတ်နိုင်တဲ့ဖက်ကကူညီပေးသွားမယ် မိသားစုဝင်တွေနဲ့အဆက်အသွယ်ရဖို့အ တွက်လည်း လုပ်နေကြပါပြီ”ဟု ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများအရေးကူညီဆောင်ရွက်ပေးနေသူတစ်ဦးကပြောသည်။

အဆိုပါ မီးလောင်မှုဖြစ်စဥ်၌ မီးငြိမ်းသတ်ခဲ့ကြသည့် မီးသတ်တပ်ဖွဲ့ဝင်အချို့နှင့်လူမှုကယ်ဆယ်ရေးအသင်းဝင်အချို့တွင်လည်း ထိခိုက်ဒဏ်ရာရရှိမှုများဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here