ဆိုင်းငံ့ငွေပေးချေမှု စနစ်ဖြင့် ရောင်းချနိုင်မည့် စက်သုံးဆီ သွင်းကုန်လုပ်ငန်းရှင်များ ဖိတ်ခေါ်

0
129

ဆိုင်းငံ့ငွေပေးချေမှု စနစ်ဖြင့် ရောင်းချနိုင်မည့် စက်သုံးဆီ သွင်းကုန်လုပ်ငန်းရှင်များ ဖိတ်ခေါ်

မြန်မာနိုင်ငံအတွင်း လိုအပ်နေသည့် စက်သုံးဆီ ဝယ်ယူတင်သွင်းရာတွင် ဆိုင်းငံ့ငွေပေးချေမှု စနစ်ဖြင့် တင်သွင်းနိုင်မည့် သွင်းကုန်လုပ်ငန်းရှင်များရှိပါက ဝန်ဆောင်မှုပေးရန် စီးပွားကူးသန်း ဝန်ကြီးဌာနက ဖိတ်ခေါ်ထားသည်။

စီးပွားကူးသန်း ဝန်ကြီးဌာန စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ  ဇွန်လ (၂၄) ရက် ရက်စွဲဖြင့် မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်းထံ အကြောင်း ကြားစာ‌ပေးပို့ခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီးဌာနက ယခုကဲ့သို့ ထုတ်ပြောလာခြင်းနှင့်ပတ်သတ်၍စက်သုံးဆီ တင်သွင်းသူ တစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ယခုကဲ့သို့ ပြောသည်။

“တကယ်တော့ လတ်တလောကာလမှာ စက်သုံးဆီကို နိုင်ငံခြားသုံးငွေ ထုတ်ပေးနိုင်သလောက်ပဲ ဆီတင်သွင်းနေသူများမှ တင်သွင်းနေခြင်းဖြစ်ပါတယ်။ နိုင်ငံ ခြားသုံးငွေထုတ်ပေးနိုင်မှုအနည်းငယ် နှောင့်နှေးသွားတာနဲ့စျေးကွက်အတွင်း ဆီမလုံလောက်မှုများဖြစ်နိုင်တဲ့အလားအလာလည်းရှိပါတယ်။ ဒါ​ကြောင့်စက်သုံးဆီတင်သွင်းဖြန့်ဖြူးရေးကြီးကြပ်မှုကော်မတီမှ မလိုလားအပ်ပဲ ဆီပြတ်လတ်မှု ဖြစ်ပေါ်လာမယ့်အလားအလာလျှော့ချဖို့ရည်ရွယ်ပြီး Differ Payment နဲ့တင်သွင်းနိုင် သူ​တွေကို ဖိတ်ခေါ်တာဖြစ်မယ်” ဟု ၎င်းက ပြောသည်။

ဝန်ကြီးဌာန၏ ယခုဖိတ်ခေါ်မှုအပေါ်  ဆောင်ရွက်ပေးနိုင်မည့် လုပ်ငန်းရှင်များအနေဖြင့် စီးပွားကူးသန်းဝန်ကြီး ဌာန စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီထံ အမြန်ဆုံး တင်ပြကြရန်လည်း အဆိုပါ အကြောင်းကြားစာတွင် ဖော်ပြထား သည်။

ယင်းသို့ တင်သွင်းရာတွင်လည်း  ဝယ်ယူရရှိနိုင်မည့် Supplier ကုမ္မဏီ၊ ဆိုင်းငံ့ငွေပေးချေမှုစနစ်ဖြင့်ဝယ်ယူနိုင်မည့် စက်သုံးဆီအမျိုးအစား၊ Importer နှင့် Supplier ကြား သဘောတူညီထားသော အချက်များ၊ အများဆုံး ဆိုင်းငံ့ပေးထားနိုင်မည့် စက်သုံးဆီ ပမာဏနှင့် အချိန်ကာလကိုပါ တင်ပြပေးရမည်ဟုလည်း စီးပွားကူးသန်း ဝန်ကြီးဌာန ထံမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here