ထိုင်းနိုင်ငံ၊ပရာ့ကျွတ်ခီလီခန်ခရိုင်၌ တရားမဝင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၃၀ ဦးဖမ်းဆီးခံရ

0
143

ထိုင်းနိုင်ငံ၊ပရာ့ကျွတ်ခီလီခန်ခရိုင်၌ တရားမဝင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၃၀ ဦးဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ပရာ့ကျွတ်ခီလီခန်ခရိုင်၊ဘန်ဆဖန်မြို့ နယ်တွင် ဇွန် ၂၇ ရက်က ဘောက်စ်ကားတစ်စီးပေါ်တွင် လိုက်ပါလာသည့် မြန်မာနိုင်ငံသား ၃၀ ဦးအား ထိုင်းနိုင်ငံတာဝန်ရှိသူများက ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ပရာ့ကျွတ်ခီလီခန်ခရိုင်၊ဘန်ဆဖန်မြို့နယ်၊လွန့်ထောင်ကျေးရွာအနီး၌ တရားမဝင်နိုင်ငံသားများဝင်ရောက်လာခြင်းမရှိစေရန် ထိုင်းနိုင်ငံတာဝန်ရှိသူများက ဖြတ်သန်းလာသည့် ကားများအားစစ် ဆေးခဲ့ကြသည်။

ထိုသို့ စစ်ဆေးစဥ် ကုန်တင်ဘောက်စ်ကားတစ်စီးအား တားဆီးစစ်ဆေးခဲ့ရာကားပေါ်တွင် ထိုင်းနိုင် ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာသည့် မြန် မာနိုင်ငံသား အမျိုးသား ၂၅ ဦးနှင့်အမျိုးသမီး ၅ ဦးတို့အား တွေ့ရှိဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့အတူ မြန်မာနိုင်ငံသားများအား တင်ဆောင်လာသည့် ဘောက်စ်ကားမောင်းသူ ထိုင်းနိုင်ငံ သား ၁ ဦးနှင့်ထိုင်းအမျိုးသမီး ၁ ဦးတို့ကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူများအား စစ်ဆေးချက်အရ ထိုင်းနိုင်ငံ၌အလုပ်လုပ်ကိုင်ရန် ပွဲစားခအဖြစ်တစ်ဦးလျင် ထိုင်းဘတ်ငွေ ၂၅၀၀၀ မှ ၂၈၀၀၀ အထိပေးချေခဲ့ရကြောင်း သိရှိခဲ့ရသည်။

ထို့ကြောင့် ဖမ်းဆီးရမိခဲ့သည့် မြန်မာနိုင်ငံသားများနှင့်ထိုင်းလူမျိုး ၂ ဦးတို့အား ထိုင်းနိုင်ငံဥပဒေအရအရေးယူရန် ပရကျွတ်ခီလီခန်မြို့မရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here