မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုများကြောင့် တရုတ်နိုင်ငံရှိမြို့များအား ​ရေးစီး​ရေလာစနစ်​ပြောင်းရန်တောင်းဆို

0
86

မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုများကြောင့် တရုတ်နိုင်ငံရှိမြို့များအား ​ရေးစီး​ရေလာစနစ်​ပြောင်းရန်တောင်းဆို

ပေကျင်း၊ဇွန် ၂၇
ပြီးခဲ့သည့်အပတ်မှစကာ တရုတ်နိုင်ငံရှန်ဒေါင်းပြည်နယ်ရှိ မြို့ ၁၀ မြို့ကျော်တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးလမ်းများ ရေနစ်မြုပ်ကာ ယာဉ်ကြောပိတ်ဆို့မှုများဖြစ်ပေါ်ခဲ့သည်။

ကွန်ကရစ်နှင့်ကတ္တရာများ‌ကြောင့်‌ ရေမစိမ့်နိုင်၊မစီးနိုင်သောနေရာများတွင် ပိုမိုကောင်းမွန်သော ရေနုတ်မြောင်းများကို ပြန်လည်ပြုပြင်ပေးရန် တောင်းဆိုခဲ့ကြသည်။

တရုတ်နိုင်ငံ၏ဒုတိယလူဦးရေအများဆုံးဖြစ်သည့် ရှန်ဒေါင်းပြည်နယ်တွင် ပြီးခဲ့တဲ့အပတ်ကတည်းက မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် တနင်္ဂနွေနေ့မှစကာ ရထားဝန်ဆောင်မှုများလည်း ပြတ်တောက်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

တရုတ်နိုင်ငံသည် နွေရာသီတိုင်းတွင် မြေပြိုမှုနှင့်ရေလွှမ်းမိုးမှုများ ဖြစ်လေ့ရှိပြီး လျင်မြန်စွာဖွံ့ဖြိုးတိုးတက်မှုနှင့် မြို့ပြအသွင်ကူးပြောင်းမှုများသည် သဘာဝ ရေနုတ်မြောင်းစနစ်များကို မကြာခဏ ပိတ်ဆို့ပျက်ဆီးစေလေ့ရှိသည်ဟု သိပ္ပံပညာရှင်များက ပြောကြားခဲ့သည်။ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကလည်း ပိုမိုဆိုးရွားသောသက်ရောက်မှုကိုဖြစ်ပေါ်စေသည်။

ရာသီဥတုပြောင်းလဲမှုဆိုင်ရာဖိုရမ်တွင် မိုးလေဝသပညာရှင် Zhang Jianyun က ရေစီးရေလာကောင်းမွန်ရေးအတွက် မြေအောက်ရေနုတ်စနစ်များနှင့် မြေအောက်တွင်သိုလှောင်ထိန်းသိမ်းမှုများပြုလုပ်ပြီး တိတိကျကျအကောင်ထည်ဖော်အသုံးပြုသင့်သည်ဟုဆိုခဲ့သည်။ရေစီးရေလာကောင်းအောင်ရေထွက်ပေါက်များကိုလုပ်ထားသင့်သည်ဟုလည်း၎င်းကဆိုခဲ့သည်။

ဖွံ့ဖြိုးတိုးတက်ပြီး ထိခိုက်မှုနည်းသော “ရေစုပ်မြို့များ” အသွင်တည်ဆောက်ခြင်းသည်လည်း ရေလွှမ်းမိုးမှုအန္တရာယ်ကို လျှော့ချရန် ကူညီပေးလိမ့်မည်ဖြစ်ကြောင်း Zhang က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည်မိုးရေစိမ့်ဝင်နိုင်သောကတ္တရာလမ်းများသုံးကာ ရေကြီးရေလျှံခြင်းမရှိပဲစီးဆင်းနိုင်သည့်စနစ်များဖြင့် “ရေစုပ်သည့်​မြို့များ” ဖန်တီးရန်အစီအစဉ်ကို ၂၀၁၅ ခုနှစ်တွင်စတင်ခဲ့သည်။

တရုတ်နိုင်ငံအဓိကမြို့ကြီး ၆၅၄ ခု၏ ၉၈ ရာခိုင်နှုန်းခန့်သည် ရေလွှမ်းမိုးမှုဒဏ်ကိုခံ​နေရသည်။မကြာသေးမီဆယ်စုနှစ်များအတွင်း လျင်မြန်စွာဖွံ့ဖြိုးလာပြီးရေမစိမ့်ဝင်နိုင်သည့် ကွန်ကရစ်မြို့ပြနေထိုင်မှုများသည်ရေကြီးမူများကိုဖြစ်ပေါ်စေခဲ့သည်။

ပြီးခဲ့သည့် နွေရာသီတွင် Henan ၏ ပြည်နယ်မြို့တော် Zhengzhou တွင် စံချိန်တင် မိုးရွာသွန်းမှုကြုံတွေ့ခဲ့ရပြီး လူ ၃၀၀ ကျော်သေဆုံးကာ ရေလွှမ်းမိုးမှုများကြောင့် မြို့တော်၏ ပုံမှန်လှုပ်ရှားမှုများလည်းရပ်တန့်သွားခဲ့သည်။

ရေစုပ်မြို့ဆိုသည်မှာ ပတ်ဝန်းကျင်ပြောင်းလဲမှုများနှင့် သဘာဝဘေးအန္တရာယ်များအတွက် ကြီးမားခံနိုင်ရည်ရှိသော ရေမြှုပ်ကဲ့သို့ စုပ်ယူလုပ်ဆောင်နိုင်သည့်မြို့ဟု ဆိုလိုသည်။မိုးတွင်းကာလတွင် စိမ့်ဝင်နိုင်သောလမ်းများမှ မိုးရေကိုစုပ်ယူသိမ်းဆည်းပြီးသန့်စင်ကာ မြို့၏ဂေဟစနစ်လုပ်ဆောင်ချက်ကို မြှင့်တင်ရန်နှင့်မြို့တွင်းရေလျှံမှု လျော့နည်းစေရန်လိုအပ်သလိုအသုံးပြုနိုင်သည်။

Source – Reuters/ng


LEAVE A REPLY

Please enter your comment!
Please enter your name here