ထိုင်းနိုင်ငံ၌ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီးပြန်လည်လွတ်မြောက်လာသူ ၉၆ ဦးအပါအဝင် ၁၈၃ ဦးအား လက်ခံကြိုဆို

0
250

ထိုင်းနိုင်ငံ၌ အကြောင်းအမျိုးမျိုးကြောင့် ပြစ် ဒဏ်ကျခံပြီးပြန်လည်လွတ်မြောက်လာသူ ၉၆ ဦးအပါအဝင် ၁၈၃ ဦးအား လက်ခံကြိုဆို

ရှမ်းပြည်(အရှေ့ပိုင်း)၊တာချီလိတ်မြို့ရှိ ထိုင်း- မြန်မာနယ်စပ် ချစ်ကြည်ရေးတံတားအမှတ်(၂) တွင် ဇွန် ၂၈ ရက်(ယနေ့)နံနက် ၉ နာရီမှစတင်၍ ထိုင်းနိုင်ငံတာဝန်ရှိသူများက လွှဲပြောင်းပေးအပ်ခဲ့ရာ တာဝန်ရှိသူများက ကြိုဆိုလက်ခံခဲ့ကြသည်။

ထိုသို့ ကြိုဆိုလက်ခံရာတွင် ထိုင်းနိုင်ငံ၌ အ ကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီးနောက် ပြန်လည်လွတ်မြောက်လာသည့် အမျိုး သား ၇၆ ဦး၊အမျိုးသမီး ၂၀ ဦး၊မြန်မာရွှေ့ပြောင်းလုပ်သား အမျိုးသား ၃၆ ဦး၊အမျိုးသမီး ၅၁ ဦး (စုစုပေါင်း ၁၈၃ ဦး)တို့အား ခရိုင်အုပ်ချုပ်ရေးမှူး၊ခရိုင် လဝက ဦးစီးမှူးနှင့်တာဝန်ရှိသူများက လက်ခံခဲ့ကြသည်၊

ထို့ပြင် တာချီလိတ်မြို့၏ ကျန်းမာရေးဝန်ထမ်းများမှ ပြန်လည်ဝင်ရောက်လာသူများအား ကိုဗစ်(၁၉)ရောဂါနှင့်ဗီဇပြောင်းအိုမီခရွန်ရောဂါပိုး ရှိ/မရှိ စစ်ဆေးမှုများပြုလုပ်ပေးခဲ့ကြသည်။

အဆိုပါ ပြန်လည်ဝင်ရောက်လာသူများအား ဝမ်လုံး Quarantine Center ၌ ၅ ရက်ထားရှိမည်ဖြစ်ကာ ဆေးစစ်မှုတစ်ကြိမ်ထပ်မံပြုလုပ်ြီးပါက ရောဂါပိုးကင်းရှင်းလျင် နေရပ်များသို့ပြန်လည်ပို့ဆောင်ပေးသွားမည်ဖြစ်သည်။

Photo-ရှမ်းအရှေ့သတင်းမဏ္ဏိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here